Main menu

Background

ပြည်တွင်းဆီဈေးများ ဈေးငြိမ်နေ

Fri, 03/05/2010 - 18:11 -- Anonymous (not verified)

    ပြည်တွင်းစားသုံးဆီမျိုးစုံ လက်လီလက်ကားဈေးနှစ်မျိုးလုံးဈေးငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။     စားအုန်းဆီဈေးဟာ လက်ကားဈေး ၁၇၅ဝ ကျပ်ဝန်းကျင်မှာ ရှိနေပြီး လက်လီ ဈေးကွက်မှာ ၁၉ဝဝ ကျပ်၊ ၂ဝဝဝ ကျပ်ဈေးနဲ့ ရောင်းချနေကြောင်း ဘုရင့်နောင်ဈေးကွက်မှ ကုန်သည်များက ပြောပါတယ်။ ဆီကိုယ်စားလှယ်ကြီးတွေရဲ့အရောင်းဆိုင်မှာ လည်း ယခင်အပတ်ဈေး ၁၅၉ဝ ကျပ်နဲ့ ဆက်လက် ရောင်းချနေပါတယ်။       မြေပဲဆီ၊ နှမ်းဆီဈေးမှာလည်း ငြိမ်နေပြီး မြေပဲဆီ လက်ကားဈေးမှာ ၂၇ဝဝ ကျပ်ဝန်းကျင်ရှိနေပြီး လက်လီဈေးကွက်မှာတော့ ၃ဝဝဝ ကျပ်ဝန်းကျင်ရှိပါတယ်။ ပဲနှမ်းဆီကိုတော့ တစ်ပိဿာ ၂၄ဝဝ ကျပ်ဈေးနဲ့ ရောင်းချနေကြောင်း သိရပါတယ်။     ဆီစားသုံးမှုမှာတော့ ပဲဆီ စားသုံးမှု ယခင်ကထက် မြင့်တက်လာကြောင်း စားအုန်းဆီမှာ မုန့်လုပ်ငန်း လုပ်သူများကသာ ဝယ်ယူမှုများကြောင်း ဆီအရောင်းဆိုင်များက ပြောပါတယ်။ ဆီအရောင်းအဝယ်မှာ ပုံမှန်ရှိနေပြီး သြင်္ကန်ကာလ အလှူမင်္ဂလာပွဲ တွေအတွက် ဝယ်ယူမှုကလည်း စောနေသေးတာကြောင့် ဆီ ဈေးကွက် အေးအေးလို့ပဲ ကုန်သည်ကြီးတွေက ပြောပါတယ်။ လွင်လွင်မိုး