
ကချင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုများနှင့် ကုန်သည်လုပ်ငန်းရှင်များမှကုန်သွယ်မှုလုပ်ငန်းများတွင် အဆင် ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့်ကုန်သွယ်မှုအသိပညာများတတ်ကျွမ်း နားလည်မှုရှိစေရေးတို့ အတွက် စက် တင်ဘာလ ၅ ရက်၊ နေ့လယ် ၁၄း၀၀ နာရီအချိန်က မြစ်ကြီးနားမြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်သည့် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံဆွေးနွေးပွဲသို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ေ ထာင် စု ဝန်ကြီး ဦးဝင်းမြင့်တက်ရောက်အမှာ စကား ပြောကြားပါသည်။
တွေ့ဆုံ ဆွေးနွေးပွဲသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ နိုင် ငံ ရေးပါတီများမှကိုယ်စားလှယ်များ၊ကချင်ပြည်နယ် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆပ်ကော် မတီနှင့်ေ ကျးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်များဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီများမှအဖွဲ့ဝင်များ၊ပြည်နယ် ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊လုပ်ငန်းကဏ္ဍအလိုက်အသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖ များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စု ဝန်ကြီးကကုန်သွယ်မှု လုပ်ငန်းများ အတွက် ဖြေလျော့မှု များ ဆောင်ရွက်ေ ပးလျက် ရှိသော်လည်း တရားမဝင်ကုန် သွယ် ရောင်းဝယ်မှုများရှိနေ သည့် အတွက် ဒေသခံကုန်သ ည်အသင်း အဖွဲ့များကဝိုင်းဝန်းထိန်းကျောင်းပေးကြရန်လိုအပ်ကြောင်း၊ဆန်နှင့် ပြောင်းအပါအဝင်လယ်ယာထွက်ပို့ကုန် သီးနှံများ တရုတ် နိုင်ငံသို့တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံကုန်ပစ္စည်း အရည်အသွေး ကြီးကြပ်ေ ရး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်မှုအုပ် ချုပ်မှုအာဏာပိုင်အဖွဲ့ (AQSIQ) ကို သြဂုတ်လ ၂၇ ရက်မှ စက်တင်ဘာ ၁ ရက်နေ့ထိ မြန်မာနိုင်ငံသို့ ဖိတ်ကြားပြီး ညှိနှိုင်းဆွေးနွေးရရှိချက်များအရ နှစ် နိုင်ငံ သဘောတူညီမှု စာချွန်လွှာကို မကြာမီကာလအတွင်းလက်မှတ်ရေးထိုး နိုင်တော့မည်ဖြစ်ကြောင်း၊ လယ်ယာ ထွက်ပို့ကုန်ပစ္စည်းများကို လက်ရှိ ကုန်ကြမ်းအတိုင်း တင်ပို့နေမည့် အစား တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ်ရောက်ရှိ အောင် ထုတ်လုပ်တင်ပို့သွားကြရန် လိုအပ်ကြောင်း၊ကုမ္ပဏီထူထောင် ဆောင်ရွက်နိုင်မှုမရှိသည့် ကုန်သည်လုပ်ငန်းများရှင်များအနေဖြင့် ပို့ကုန်/ သွင်း ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်း ရှင်လက်မှတ်(ITC) များကိုလည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြည်သူများ အနေဖြင့် မိမိနိုင်ငံ၏ ဥပဒေ၊ နည်း ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကိုနားလည်တတ်ကျွမ်းအောင်လေ့လာကြပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်း ပါဝင်ဆောင် ရွက်ပေးကြရန်နှင့် ပြည်သူတွေ၏ဆန္ဒနှင့်လိုလားချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ကောင်း ေ ဆွးနွေးပြောကြားပါ သည်။
ထို့နောက်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကုန်သည် လုပ်ငန်းရှင်များ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၏ မေးမြန်း တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်း လင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။