
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးညွှန်ကြား မှု ဦးစီးဌာန၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲTrade Training Institute နဲ့ UNESCAP တို့ပူးပေါင်း၍ Training on Trade Defence Measures & Other Trade Related Issues သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၁ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီးစီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှာကျင်းပခဲ့ ပါတယ်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ UNESCAP ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဌာန၊ ဒါရိုက်တာDR. Ravi Ratanyake ၊ အိန္ဒိယနိုင်ငံ Centre for WTO Studies မှProf Mukesh Bhatnagar ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန် ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးနှင့် အဖွဲ့အစည်း အသီးသီးတို့မှသင်တန်းသား^သင်တန်း သူ ၄၅ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
သင်တန်းကာလမှာ စက်တင် ဘာလ ၁ ရက်မှ ၅ ရက်ထိ ၅ ရက် ကြာမြင့်ခဲ့ပြီး သင်တန်းမှာTrade Remedy Instruments in WTO & ASEAN PTAS, Bali Outcome & LDC package, WTO Agreement on TRIPS, GI, Role of Private Sector in Implementing WTO Trade Remedy Instruments စတဲ့ ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ပါ တယ်။
ဖွင့်ပွဲအခမ်းအနားမှာ ဒုတိယ ဝန်ကြီးက မြန်မာနိုင်ငံအစိုးရ အနေဖြင့် ကုန်သွယ်မှု မူဝါဒသစ်များ ချမှတ်၍ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုချဲ့ထွင်မြှင့်တင်ရေးအတွက်အလေးပေးဆောင်ရွက်နေပြီးစီးပွားရေးပြုပြင်ပြောင်းလဲ ရေးလု ပ်ငန်းများဖြစ်သောဖြေလျှော့ ပေးခြင်း၊ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း များကိုဆောင် ရွက်နေကြောင်း၊ ထို့ပြင် UNESCAPရဲ့အကူအညီ ဖြင့် Safeguard Rules အားရေးဆွဲလျက်ရှိကြောင်း ၊အပြည်ပြည် ဆိုင်ရာASEAN ကဲ့သို့ ဒေသတွင်း ကုန်သွယ်မှုအဖွဲ့အစည်းများရဲ့ ကုန်သွယ်မှုဥပဒေ၊ စည်းမျဉ်းစည်း ကမ်းနှင့် အလေ့အကျင့်များကို ပိုမိုသိရှိရန် လိုအပ်လာကြောင်း၊ယခုသင်တန်းတွင်ကျွမ်းကျင်သူများက ၎င်းင်းတို့ရဲ့ အတွေ့အကြုံ၊ဗဟုသုတများကို ဝေငှကြမည် ဖြစ်ကြောင်း၊ သင်တန်းသို့ တက်ရောက် လာကြတဲ့ သင်တန်းသား များ အနေနဲ့ သင်ခန်းစာများကိုထိထိရောက်ရောက် လေ့လာမှတ်သားပြီးရရှိသည့် အတွေ့ အကြုံ၊ ဗဟုသုတများကို ပြန်လည် ဆင့် ပွားမျှဝေနိုင်ရေးအတွက် ဆောင်ရွက် ကြရန်ပြောကြားခဲ့ကြောင်း သတင်းရ ရှိပါတယ်။