Main menu

Background

အထူးပြုကုမ္ပဏီကြီးများနဲ့ ယှဉ်ပြိုင်လုပ်ကိုင်နေတဲ့ အင်းတော်ရွှေကြယ်ငွေကြယ်

Fri, 09/12/2014 - 13:23 -- ydnar

 

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာ အထူးပြု ကုမ္ပဏီခုနှစ်ခုရှိပြီး ကုန်ထုတ်လုပ်မှု စရိတ်များ ဝန်ဆောင်မှု စရိတ်များလျှော့ ချနိုင်ရေးဆောင်ရွက် လျက်ရှိကြောင်းသိရပါတယ်။
နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှု များနဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်မှုများကြောင့် အင်းတော်မြို့နယ် မှာ ရွှေကြယ်ငွေကြယ်ကုမ္ပဏီကို၂၀၁၄ခုနှစ် တွင်စတင်တည်ထောင်ပြီး တောင်သူ များ စပါးမျိုးကောင်းမျိုးသန့်စဉ်ဆက် မပြတ် ပြန့်ပွားရေးကိုလုပ်ဆောင်ခဲ့ပါ တယ်။မြို့နယ်မှဆင်း-၃

ဆန်မှာ တရုတ် ပြည်ပို့ကုန်ဖြစ်သည့်အတွက်ဆင်း-၃ စပါးမျိုးကောင်းမျိုးသန့်ဖြစ်ရေးအတွက် ရွှေဘိုချီပါစိုက်ပျိုးရေးခြံမှမျိုးတင်းငါးဆယ်ဝယ် ယူပြီး ဈေးနှုန်းချို သာစွာ ဖြင့်တောင် သူငါးဆယ်ဦး၊ ၃၅ ဧက အတွက် ဖြန့်ဖြူးပေးခြင်း၊ သွင်းအားစု ဓာတ်မြေသြဇာများ ကို ဖြန့်ဖြူးပေးခြင်း ၊ တောင်သူများ မှထွက်ရှိသောမျိုးသန့်စပါးများကိုကုမ္ပဏီမှဝယ်ယူသိုလှောင်ထားပြီးနောင်နှစ်တွင်တောင်သူများကိုဆက် လက်ဖြန့်ဖြူး သွား မှာဖြစ်ကြောင်း အမှုဆောင်တစ်ဦးထံက သိရပါတယ်။
ကုမ္ပဏီများအနေဖြင့် ထုတ်လုပ် သူများမှ ကုန်သည်များအထိSupply Chain ၊ ကုန်သည်များမှ ဈေးကွက် အထိ Value Chain၊ထုတ်လုပ်သူအဆင့် မှ နိုင်ငံခြားငွေရရှိသည်အထိ ကြား အဆင့်ကုန်ကျစရိတ်များ၊ ဝန်ဆောင်မှု စရိတ် များ လျှော့ချနိုင်သည့်Mecha-nism ကြီး တစ်ခုလုံးအတွက် အထူးပြု ကုမ္ပဏီများလိုအပ်လျက်ရှိကြောင်း သိရ ပါတယ်။