အတွဲ(၁၅)အမှတ်(၇)
၂၀၁၅ ခုနှစ်၊ (၁၃) ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ''ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲ'' ကို ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ ကန်တော်ကြီး လူထုအပန်း ဖြေဥယျာဉ် (မန္တလေး) မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ဟင်းသီးဟင်း ရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ ပြိုင်ပွဲ ကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ ပြခန်း ၁၀ ခန်းနှင့် ပုဂ္ဂလိက ပြခန်း ၆ ခန်း စုစုပေါင်း ၁၆ ခန်းအနက် ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန လည်း ပါဝင်ပြသလျက်ရှိကြောင်း သိရ ပါတယ်။
မြို့တော်စိမ်းလန်းစိုပြည်သာယာ လှပရေးလုပ်ငန်းများအတွက် ပြည်သူ လူထု စိတ်ပါဝင်စားစေရန်နှင့် ပူးပေါင်း ဆောင်ရွက်လာစေရန်၊ အိမ်တိုင်းအိမ် တိုင်း စိမ်းလန်းစိုပြည်ရေး ဆောင်ရွက် ခြင်းဖြင့် မန္တလေးမြို့အား၊ ဥယျာဉ်မြို့ တော်အဖြစ် တည်ဆောက်ထိန်းသိမ်း ရာ၌ အထောက်အကူဖြစ်လာစေရန်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်း မန်အဆင့်မြင့် စိုက်ပျိုးနည်းပညာများဖလှယ်နိုင်စေရန်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် မျိုးကောင်းမျိုးသန့် များပြန့်ပွားလာစေရန်၊ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန်မျိုးကောင်းများ ကို အိမ်တိုင်းအိမ်တိုင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုစေရန်စသည့် ရည်ရွယ် ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပြိုင်ပွဲအမျိုးအစားများတွင်
(က) သစ်သီးဝလံပြိုင်ခြင်း၊
(ခ) ဟင်းသီးဟင်းရွက်ပြိုင်ခြင်း၊
(ဂ) ပန်းအလှဆင်ပြိုင်ခြင်း၊
(ဃ) အရွက်အလှပင်၊ ရွက်လှပင်၊ ရှား စောင်းပင်ပြိုင်ခြင်း၊
(င) အသီးပါဝင်သောအပင်ပြိုင်ခြင်း၊
(စ) သစ်ခွအမျိုးမျိုးပြိုင်ခြင်း၊
(ဆ) ပန်းအလှအပနှင့် နှင်းဆီပင်
အမျိုးမျိုးပြိုင်ခြင်း စသည့်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ကြောင်း သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး ကုန်သွယ် မှု မြှင့်တင်ရေးဦးစီးဌာနအနေဖြင့် ဒေသ ထွက်ကုန်ပစ္စည်းအမျိုးမျိုးကို ပြသရာ ကျေးလက်ဒေသအသေးစားကုန်ထုတ် လုပ်ငန်းထွက် ပစ္စည်းများဖြစ်သည့် ဝါး အချောထည်ပစ္စည်းများ ၊ တောင်း၊ ဆန် ကော၊ ဆန်ကာများ၊ ဂျုံရိုးဦးထုပ်များ၊ ကျောက်စီပန်းချီကားများ၊ ရွှေချည်ထိုး၊ ငွေချည်ထိုးပန်းချီကားများ၊ ကျောက် စိမ်းအချောထည်ပစ္စည်းများ၊ ချည်ထည် အမျိုးမျိုး၊ ဆွယ်တာအမျိုးမျိုး၊ အင်ကြင်း ကျောက်အလှဆင်ပစ္စည်းများ၊ သစ်သီး ဝလံများနှင့် တိုင်းဒေသတွင်းထွက်ရှိ သည့် ပဲမျိုးစုံနမူနာများ၊ ဆန်စပါးနမူနာ များကို ခင်းကျင်းပြသကြောင်း သိရပါ တယ်။
စိုးအောင် - မန္တလေး