Main menu

Background

မြေပဲဈေးနှုန်း မြင့်တက်မယ်လို့ အိန္ဒိယလယ်ယာစိုက်ပျိုးရေးတက္ကသိုလ် ခန့်မှန်း

Fri, 11/06/2015 - 16:05 -- journal_editor

၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း အိန္ဒိယမှာ မြေပဲ ဈေးနှုန်းတွေ မြင့်တက်လိမ့်မယ်လို့ အိန္ဒိယ နိုင်ငံ ဂူဂျာရတ်ပြည်နယ်မှ ဂူနာဂတ်လယ် ယာစိုက်ပျိုးရေးတက္ကသိုလ်(JAU) ရဲ့ ဈေး နှုန်းခန့်မှန်း ချက်အစီရင်ခံ စာမှာ ဖော်ပြ ချက်ကို ကိုးကားပြီး ဘိဇနက်စတန်းဒတ် သတင်းမှာ ဖော်ပြပါတယ်။ဈေးနှုန်းမြင့်တက်ရတဲ့   အဓိက အကြောင်းရင်း က အရည်အသွေးမီ သီး နှံတွေ မရနိုင်တာနဲ့ ပြည်တွင်းပြည်ပ ဝယ် လိုအားတွေ တစ်ပြိုင်တည်း မြင့်တက် လာတဲ့အတွက် ဖြစ်ပါတယ်။သီးနှံတွေ ဈေးကောင်းရဖို့အတွက် ၂၀၁၆ ခုနှစ်   ဇန်နဝါရီလအထိ  မြေပဲ တွေကို ထိန်းထားဖို့လိုကြောင်း JAU တက္ကသိုလ် က လယ်သမားတွေကို အကြံ ပြုထားပါ တယ်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း မြေပဲတောင့် အသေး ကီလို ၂၀ ကို ရူပီး ၈၂၀ မှ ၉၀၀ အထိလည်းကောင်း၊ မြေပဲအတောင့်ကြီး ကီလို၂၀ ကို ရူပီး ၈၆၀ မှ ၉၄၀ အထိ ရောက်မယ်လို့ အစီရင်ခံစာမှာ ခန့်မှန်း ထားပါတယ်။လောလောဆယ်  ရောင်းဝယ်နေ တဲ့ဈေးက ကီလို၂၀ ကို ရူပီး ၈၀၀ မှ ၈၆၀ အထိရှိပါတယ်။
UNT