Main menu

Background

ပြည်ဈေးကွက်သို့ ဆီးသီး အမှည့်များ ဝင်ရောက်လျက်ရှိ

Wed, 01/13/2016 - 13:30 -- journal_editor

အသီးအနှံဈေးကွက်တွင် ယခုတစ်ပတ် ဇန်နဝါရီလပထမပတ်အတွင်း ဆီးသီးအမှည့်ခြင်းတွေ ပြည်၊ ဆင်တဲ၊ ပန်းတောင်း၊ ဖိုးဦးတောင်တို့ဘက်မှ ထွက်ရှိလာပြီးဈေးကွက်ဝင်လာပါတယ်။ တစ်တင်းခွဲဝင်ခြင်း ၃၀၊ ၄၀ အဝင်ရှိပြီး ဒသတွင်း လက်လီအရောင်းသမားများနှင့် ယိုစုံလုပ်ငန်းတို့မှ အဝယ်ရှိတာကြောင့် တစ်နေ့ချင်းအရောင်းအဝယ်အကုန် ဖြစ်ကြောင်းလည်း သိရပါတယ်။ဝင်ရောက်လာတဲ့ဆီးသီးအရသာနဲ့မျိုးအရည်အသွေးပေါ်မူတည် ပြီဈေးအနည်း ငယ် ကွာခြားပါတယ်။ ဆီးချို တစ်တင်းကို ၁၂၀၀၀ ကျပ်အထိရှိပြီး၊ ဆီးချိုချဉ် တစ်တင်း၈၅၀၀ ကျပ်ရှိပါတယ်။ ယိုစုံလုပ်ဆီးသီးအချဉ်ကတော့ တစ်တင်း ၆၅၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါ တယ်။  

နီနီဝင်း-ပြည်