Main menu

Background

ပြည်ပဲပုပ်သစ်များ လက်လီသာအဝယ်ရှိ

Fri, 01/15/2016 - 13:22 -- journal_editor

ပြည်ဈေးကွက်သို့ နှစ်ကုန်မှစ၍ ပဲပုပ်သစ်များစတင်ဝင်ရောက်လာခဲ့ရာယခုနှစ်ဆန်းပိုင်းမှာလည်း ဆက်တိုက်ဝင်ရောက်လာ တဲ့အတွက် တစ်ရက်အိတ်၅၀ ကျော်ဝင်ရောက်လျက်ရှိတာကို တွေ့ ရပါတယ်။ ပေါက်ခေါင်းမြို့နယ်မှ စတင်ဝင်ရောက်ခြင်းဖြစ်ပြီး ဝယ်လက်အလာနည်းနေသေးတဲ့အတွက် ရန်ကုန်ဝယ်လက် ဝယ်ယူမှုမရှိသေးဘဲ လက်လီသမားများသာ ဝယ်ယူနေခဲ့ပါတယ်။ ပဲဈေး မှာ တစ်တင်း ၁၇၇၀၀ ကျပ်ဖြင့် ယခင်ပတ်အဖွင့်ဈေး ထက်ဈေး အနည်းငယ်လျော့သွားခဲ့ပါတယ်။ ယခင်နှစ်က အဖွင့်ဈေးမှာ တစ်တင်း  ၁၈၀၀၀ ကျပ်ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာလည်း ဈေးသိသိသာသာ  မြင့်တက်ခြင်းမရှိဘဲတစ်နှစ်တာလုံးဈေးအေးခဲ့တဲ့ ပဲသီးနှံဖြစ်ခဲ့ကြောင်းလေ့လာသိရှိရ ပါတယ်။                                                                                                                         

ခင်ဆွေဝင်း-ပြည်