Main menu

Background

ပြည်ဆန်စပါးဈေးကွက် အရောင်းအဝယ်အေးတာကြောင့် တွက်ခြေမကိုက်

Thu, 01/28/2016 - 14:43 -- journal_editor

 ပြည်ဆန်စပါးရောင်းဝယ်ရေးတွင် ဇန်နဝါရီလ စတုတ္ထပတ်တွင်အရောင်းအဝယ်အေးပြီး တွက်ခြေမကိုက်တာကြောင့်ဆန်ကုန်သည်ပွဲစားများအလုပ်မဖြစ်ဘူးလို့ ဆိုပါတယ်။ ယခုသီတင်းပတ် နတ်တလင်းတောင်ပျံမွှေးစပါး (အချော)ကတော့ အရောင်းအဝယ်အေးပြီး စပါးဈေးတွေလည်း အနည်းငယ် ပြန်ကျလာ ပါတယ်။ စပါးဈေးတင်း ၁၀၀ (၄၆ ပေါင်ကိုက်) မှာ ၇၁၇၆၀၀ ကျပ်ထိ ပြန်ကျလာပြီး ဆန်တစ်အိတ်ကို ၂၈၀၀၀ ကျပ်နဲ့ ၂၉၀၀၀ ကျပ်တို့ ဖြစ်နေပါတယ်။ပြည်ဧည့်မထစပါးဈေးတွေကတော့ ဈေးမြောက်နေပြီး ဆန်ဈေးငြိမ်နေတာကြောင့် တွက်ခြေမကိုက်ဘဲ အရောင်းအဝယ်လည်းမဖြစ်ဘူးလို့ သိရပါတယ်။ ဧည့်မထစပါးတင်း ၁၀၀ (၄၆ ပေါင်ကိုက်) ၅၅၀၀၀၀ ကျပ်ဖြစ်ပြီး၊ ဆန်တစ်အိတ်ကို ဆင်းသွယ်လတ် ၂၄၀၀၀ ကျပ်၊ ရတနာတိုး  ၂၁၀၀၀ ကျပ်တို့ဖြစ်ပါတယ်။ နယ်သို့တင်ပို့မှုတွေမရှိဘဲ ဒေသတွင်း အရောင်းအဝယ်သာရှိကြောင်း သိရပါတယ်။
နီနီဝင်း-ပြည်