ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကမြင့်တက်နေခဲ့သည့် မြန်မာ့ရွှေဈေး သည်ယခုတစ်ပတ်တွင်ဆက်လက် မြင့်တက်ခဲ့ကာ ကျပ်ခုနစ်သိန်းရှစ် သောင်းအထိ မြင့်တက်ခဲ့ပြီးမှ ပြန်လည်ကျဆင်းခဲ့ကြောင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ကမ္ဘာ့ရွှေဈေးနှင့်အတူ လိုက်ပါ မြင့်တက်ခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်လည်း ကမ္ဘာ့ရွှေဈေး နှင့်အတူ လိုက်ပါမြင့်တက်ခဲ့ပြီးနောက် ရက်သတ္တပတ်၏နောက်ဆုံးရက်များ တွင် ပြန်လည်ကျ ဆင်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ဈေးမြင့်တက်လာခြင်းကြောင့် ပြည် တွင်းရွှေဈေးကွက်တွင် အဝယ်ထက် အရောင်းပိုများလာခဲ့ပြီး ဈေးကွက် အတွင်း ပြန်လည်ဈေးကျလာခြင်းဖြစ် ကြောင်း သိရသည်။
''ကမ္ဘာ့ဈေးကွက်မှာရွှေဈေးမြင့်တက်လာတာကြောင့်ပြည်တွင်းရွှေဈေးကလည်းလိုက်ပြီးမြင့်တက်လာတယ်။ရွှေဈေးမြင့်တက်လာတာကြောင့် ပြည်တွင်းဈေးကွက်မှာ ရောင်းလိုအား မြင့်တက်လာတယ်။ဈေးကွက်ထဲမှာ ရောင်းလို အားမြင့်တက်လာတဲ့အတွက် ဈေးက ပြန်ကျလာတယ်။ ကမ္ဘာ့ရွှေဈေး ကလည်းပြန်ကျလာတော့ဈေးကျတော့ မယ်ဆိုတဲ့စိတ်နဲ့ ပြန်ရောင်းကြတာပါ။ ဒါကြောင့်လည်း ပြည်တွင်းရွှေဈေးက ပြန်လည်ကျဆင်းလာရတာပါ''ဟု ရွှေ ကုန်သည် ဦးလှမြင့်က ပြောကြားခဲ့သည်။မြန်မာ့ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်က ကျပ် ၇၆၇၅၀၀ ရှိခဲ့ပြီး ဇန်န ဝါရီ ၂၇ ရက်တွင် ကျပ် ၇၈၀၀၀၀ သို့ မြင့်တက်ခဲ့သည်။ ဇန်နဝါရီ ၂၉ ရက် တွင် ပြန်လည်ကျဆင်းလာခဲ့ပြီး ကျပ် ၇၇၄၀၀၀ သို့ ကျဆင်းခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၁၁၀၀ ဒေါ်လာရှိခဲ့ပြီး ဇန်န ဝါရီ ၂၇ ရက်တွင် ၁၁၂၀ ဒေါ်လာသို့ မြင့်တက်ခဲ့သည်။ ဇန်နဝါရီ ၂၈ ရက် တွင် ၁၁၂၂ ဒေါ်လာသို့ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်တွင် ၁၁၁၄ ဒေါ်လာ သို့ ပြန်လည်ကျဆင်းခဲ့သည်။
မယ်သီတာ
Background