Main menu

Background

ပြည်ဘိုကိတ် ဈေးအေးနေသော်လည်း ယခင်နှစ်ကဈေးထက်ပို

Wed, 03/30/2016 - 15:39 -- journal_editor

   ပြည်ပဲဈေးကွက်မှာ ဆောင်းပဲများအနေဖြင့်ပြည်ပဝယ်လက်ပဲများဖြစ်သော မတ်ပဲနဲ့ ပဲစင်းငုံသီးနှံအဝင်များခဲ့သလို ပြည်တွင်းဝယ်လက်ပဲမှာလည်း ကုလားပဲနဲ့ပဲကြီးသီးနှံများ ဝင်ရောက်မှုများခဲ့ပြီး ဘိုကိတ်ပဲသီးနှံမှာတော့ ပဲသိပ ်အဝင်မရှိတော့ဘဲ တစ်ရက်အိတ် ၅၀ ကျော်သာဝင်ရောက်လာပါတယ်။ဘိုကိတ်ပဲကိုရန်ကုန် အဝယ်ရှိသလို ဒေသတွင်းဝယ်လက်များလည်း ဝယ်ယူ လျက်ရှိခဲ့ပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၂၁၀၀၀ ကျပ်ဖြင့် ပဲသစ်ပေါ်စအချိန်က ဈေးထက် ဈေးလျော့နည်းသွားပေမယ့် ယခင်နှစ်က မတ်လအတွင်း ရရှိခဲ့သော ဈေးထက်တော့ဈေးပိုရခဲ့ပါတယ်။   ယခင်နှစ်က မတ်လအတွင်း ရရှိခဲ့သော ပဲလွန်း ဖြူဈေးမှာ တစ်တင်း ၁၅၅၀၀ ကျပ်သာ ရရှိတယ်လို့ သိရပါတယ်။
ခင်ဆွေဝင်း-ပြည်