Main menu

Background

ပြောင်းတန်ချိန် နှစ်သိန်းကျော်တင်သွင်းရန် ခေါ်ထားတဲ့တင်ဒါကို အိန္ဒိယက ပယ်ဖျက်

Thu, 03/31/2016 - 15:51 -- journal_editor

    အိန္ဒိယနိုင်ငံက ခေါ်ထားတဲ့ပြောင်းတန်ချိန် ၂၄၀၀၀၀ တင်သွင်းရန် တင်ဒါအားပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မတ် ၁၉ ရက်က ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ ကူးသန်းရောင်းဝယ်ရေးဌာနနဲ့အစိုးရဌာနများ မှအရာရှိ များက ယခု နွေရာသီပြောင်းစပါးဟာ အထွက်ကောင်းပြီး ပမာဏများပြားနိုင်မယ်လို့ မျှော်မှန်းထားတာကြောင့် ပြည်ပမှပြောင်းတင်သွင်းရန်ခေါ်ထားတဲ့တင်ဒါကို ပြန်လည်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။အိန္ဒိယဟာGMO (Gene-tically modified food)များစိုက်ပျိုးခွင့်ကို ကန့်သတ်ထားတဲ့အပြင် ပြည်ပမှ တင်သွင်းမှုကိုလည်းခွင့်ပြုထားခြင်းမရှိဘူးလို့သိရပါတယ်။တင်ဒါခေါ်ယူခြင်းအား မပယ်ဖျက်မီအိန္ဒိယသည်ယူကရိန်းမှပြောင်းတန် ၂၅၀၀၀၀ ကိုရရှိထား ပြီးဖြစ်ပါတယ်။ ကမ္ဘာ့ရောင်းအားအရှိဆုံးဖြစ်တဲ့Agrocorp , Concordia , Noble, Starcon  နဲ့Daewoo International တို့က ပြောင်း တန် ၂၄၀၀၀၀ အတွက် ဈေးပြိုင်လေလံစနစ်နဲ့ တစ်တန်ကို ၁၉၄ ဒသမ၆၂ ဒေါ်လာ နဲ့ ၂၂၂ ဒသမ ၅၀ ဒေါ်လာကြားဈေးများနဲ့ ပြောင်းတင်သွင်းမယ့် လေလံဈေးများကို  ခေါ်ယူထားပြီး ဖြစ်တယ်လို့ Hellenishippingnews.com သတင်းမှာ ဖော်ပြထား ပါတယ်။                                                             
 CMK