Main menu

Background

ပြည်ထောပတ်ပဲ ဈေးအေးအေးနဲ့ တစ်နှစ်ပတ်လုံး အရောင်းအဝယ်ဖြစ်

Wed, 05/04/2016 - 10:01 -- journal_editor

  ပြည်ထောပတ်ပဲသီးနှံမှာ ယခုလကုန်ပတ်အတွင်း ပဲအဝင်သိပ်မရှိတော့ ဘဲတစ်ရက်အိတ် ၃၀မှ ၇၀ခန့်သာ ဝင်ရောက်ခဲ့ပြီး လက်ကျန်ပဲသိပ်မရှိတော့တဲ့ အတွက်ဝင်လာသမျှပဲများအားလက်လီသမားတွေ အဝယ်ရှိခဲ့ကြပါ တယ်။ပဲဈေးနှုန်းမှာပဲဈေးကွက်အတွင်း ဈေးအနိမ့်ဆုံးရခဲ့တာကြောင့်  တစ်တင်း ၁၅၀၀၀ကျပ်ဖြင့်သာအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။သြင်္ကန်မတိုင်မီ ကာလဈေးမှာ တစ်တင်း ၁၃၅၀၀ကျပ်သာ ရရှိခဲ့လို့ယခုလကုန်မှာဈေးမြင့်တက် လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ထောပတ်ပဲသီးနှံဟာ ပဲသစ်ပေါ်ချိန် မှစ၍ ယခုချိန်အထိဈေးအေးအေးနဲ့ ကျပ်၂၀၀၀၀ အောက်သာရရှိခဲ့ပြီး၊ အရောင်း အဝယ်ဖြစ်ခဲ့လို့ ယခုနှစ်ဈေးအေးခဲ့တဲ့သီးနှံဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ခင်ဆွေဝင်း-ပြည်