Main menu

Background

ပြည်ပဲလွန်းဖြူလက်ကျန်ဈေးမြင့်လာသော်လည်း လက်လီ သာအရောင်းအဝယ်ဖြစ်

Tue, 05/10/2016 - 14:24 -- journal_editor

     မေလဆန်းပြည်ပဲဈေးကွက်မှာ ပြည်ပဝယ်လက်ပဲများ ဈေးပြန်လျော့ သွားပေမယ့် လက်လီပဲအချို့ကတော့ ဈေးမြင့်တက်လာခဲ့တာကိုတွေ့ရပါ တယ်။ ဧပြီလကုန်ရက်က ပဲဈေးကွက်မှာလက်လီဝယ်လက်ဝယ်ယူမှုလောက် သာ ရှိတော့တဲ့ပဲလွန်းဖြူသီးနှံဟာ တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့်သာဈေးငြိမ်ခဲ့ ရာမှ ယခုမေလဆန်းမှာ တစ်တင်း ၂၄၀၀၀ ကျပ်ဖြင့်ဈေးမြင့်တက်လာခဲ့ပါတယ်။သို့သော်လည်း ပဲအဝင်မရှိတော့ဘဲလက်ကျန်ပဲသာရှိခဲ့လို့ လက်လီသမား အနည်းငယ်အဝယ် ရှိခဲ့ပါတယ်။ ပဲပေါ် ချိန်၊ ပဲအထွက်လှိုင်ချိန်များတွင်သာ လက်လီသမားအပြင်၊ ရန်ကုန်ဝယ်လက် ဝယ်ယူမှုရှိခဲ့ကြောင်း သိရပါတယ်။
ခင်ဆွေဝင်း-ပြည်