Main menu

Background

ပြည်ချင်းဈေးနှုန်း တည်ငြိမ်ပြီး အရောင်းအဝယ် ပုံမှန်ဖြစ်

Wed, 05/11/2016 - 11:53 -- journal_editor

    ယခုတစ်ပတ်အတွင်း  အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများ ပြည်ဈေးကွက်သို့ ပိဿာ ၃၀ ဝင်အိတ် ၈၀ ခန့်အဝင်ရှိပြီး၊ ယခင်တစ် ပတ်ကထက်အဝင်နည်းလာပါတယ်။ အဝင်နည်းပေမယ့်ဈေးနှုန်းမှာတည်ငြိမ်ပြီး  ယခင်တစ် ပတ်အတိုင်းမပြောင်းလဲဘဲအရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါတယ်။ဈေးနှုန်းမှာ ချင်းတစ်ပိဿာ(ရှယ်) ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်(ဂျွန်) ၈၀၀ ကျပ်၊ ၉၀၀ ကျပ်နှင့်ဈေးကွက်အတွင်းတစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့်အရောင်းအဝယ်ဖြစ်ပြီး ဧရာဝတီ တိုင်းဒေသ ကြီးနှင့် ရခိုင်ပြည်နယ်ဘက်သို့ ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် ယခုတစ်ပတ် အတွင်း ပိဿာချိန် ၁၅၀ ခန့်တင်ပို့မှုရှိတယ်လို့ ချင်းပွဲရုံများမှသိရပါတယ်။

 ဝင်းဝင်းခိုင်