Main menu

Background

ဆန်အဝင် ပုံမှန်ရှိပြီး အရောင်းအဝယ်အေး

Wed, 05/23/2018 - 14:23 -- journal_editor

ယခုတစ်ပတ်   ရန်ကုန်ဆန်ဈေးကွက်မှာ   ဆန်အဝင် ပုံမှန်ရှိသော်လည်း အရောင်းအဝယ်အေးတဲ့အတွက်  အနည်း ငယ်ဈေးကျတယ်လို့  ဝါးတန်းကုန်စည်ဒိုင်မှ  သိရပါတယ်။ ကုန်စည်ဒိုင်ရဲ့ လက်ကားဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်ကျပ်   ၃၈၀၀၀ နဲ့  လတ်စတစ်အိတ်ကျပ် ၃၅၅၀၀၊ ပုသိမ်^မြောင်းမြ ပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၄၆၀၀၀ ၊ လတ်စတစ်အိတ်ကျပ် ၄၄၀၀၀၊ ကျိုက်လတ် ထိပ်စ တစ်အိတ်ကျပ် ၃၆၀၀၀ နဲ့   လတ်စတစ်အိတ်ကျပ် ၃၄၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကျပ် ၅၃၀၀၀ နဲ့ လတ်စတစ်အိတ်ကျပ် ၅၅၀၀၀ ရှိပါတယ်။  နယ်စုံပေါ်ဆန်း ဆန်တစ်အိတ်ကျပ် ၃၆၅၀၀ မှ ကျပ်၃၇၅၀၀ ရှိပြီး တစ်အိတ် ကို ကျပ် ၁၀၀၀ ခန့် ဈေးကျကြောင်း သိရပါတယ်။

ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထ၂၅မှတ်ဆန်လည်း အရောင်း အဝယ်အေးတဲ့အတွက် တစ်အိတ်ကို ကျပ် ၅၀၀ ခန့် ဈေးကျ တယ်လို့ ကုန်စည်ဒိုင်မှ သိရပါတယ်။ ဧည့်မထ ၂၅ မှတ် တစ် အိတ်ကျပ် ၁၉၂၀၀ မှ ကျပ် ၁၉၅၀၀ ရှိပါတယ်။ မိုးသုခ တစ် အိတ်ကျပ် ၂၄၅၀၀ မှကျပ် ၂၆၀၀၀၊ ရက် ၉၀ တစ် အိတ်ကျပ် ၂၂၀၀၀မှကျပ် ၂၂၅၀၀၊ သီးထပ်ရှယ် တစ်အိတ် ကျပ်၂၁၅၀၀ မှကျပ် ၂၁၈၀၀ ရှိပြီး ယခင်တစ်ပတ်အတိုင်း   ဈေးငြိမ်နေ ကြောင်း သိရပါတယ်။ ယခုရက်ပိုင်းအတွင်း  အရောင်းအဝယ် ပြန်ပါးသွားတယ်လို့ ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။

ယဉ်ယဉ်အေး