Main menu

Background

လွိုင်ကော်တွင် ကြက်သွန်( နီ ) ဈေးတက်၍/ ကြက်သွန်( ဖြူ ) ဈေးတည်ငြိမ်နေ

Thu, 10/08/2020 - 12:22 -- journal_editor

ပြည်နယ်အတွင်း မိတ္ထီလာမြို့နယ်ဘက်မှ အများဆုံးအဝင်ရှိသောကြက်သွန်(နီ) ဈေးနှုန်းများမှာ စက်တင်ဘာလနောက်ဆုံးပတ်တွင်  ကြက်သွန်( နီ )တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ဖြစ်ပြီး အောက်တိုဘာလ ပထမပတ်တွင်ကြက်သွန်(နီ) တစ်ပိဿာလျှင် ကျပ်  ၁၄၀၀ ၊ ကျပ် ၄၀၀ လောက်အနည်းငယ် မြင့်တက်လာကြောင်း၊ ကလော ၊ အောင်ပန်းဒေသတို့ဘက်မှဝင်သော ကြက်သွန်(ဖြူ) ရှမ်းစဈေးနှုန်းများမှာ စက်တင်ဘာလနောက်ဆုံးပတ်မှ အောက်တိုဘာလပထမ ပတ်ထိ ကြက်သွန် ( ဖြူ )  ရှမ်းစ တစ်ပိဿာလျှင် ကျပ် ၃၂၀၀၊ ပြည်နယ်အတွင်းမှာလည်း ဒေသထွက် ရှမ်းစတစ်ပိဿာလျှင် ကျပ် ၂၅၀၀ မှကျပ် ၃၀၀၀ ဖြင့်အသီးသီး အလုံးအရွယ်အစားအလိုက်ရောင်းချလျက်ရှိကြောင်း၊ မန္တလေး မြို့နယ်ဘက်မှအဝင်ရှိသော( ဖြူ ) ကြူကုတ်တစ်ပိဿာလျှင် ကျပ် ၃၀၀၀ ဖြင့်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်းရှိ ကြက်သွန်အရောင်းဆိုင်များထံမှ သိရှိရသည်။

အေးအေးမော် (ကယား)