Main menu

Background

ကချင်ပြည်နယ်၏ ကုန်သွယ်မှုအခြေအနေ

Thu, 10/08/2020 - 15:18 -- journal_editor

ကချင်ပြည်နယ်တွင် ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများပြုလုပ်လျက်ရှိခဲ့သော်လည်း ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မြေပြိုမှုဖြစ်၍ လမ်းပြုပြင်မှုရှိခြင်း ကြောင့် ကုန်သွယ်မှုများကို လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းဖက်သို့ ပြောင်းရွှေ့၍ ကုန်သွယ်မှုများပြုလုပ်လျှက်ရှိခဲ့ပါသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂ ရက်များအတွင်း တင်ပို့ခဲ့သည့်ကုန်ပစ္စည်းအများစုမှာ တစ်သျှူးငှက်ပျောနှင့် စေ့ထုတ်ပြောင်းများ တင်ပို့ခဲ့ကြောင်းသိရှိရသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၁၀၆၀၄၅၂ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ ဓါတ်မြေသြဇာ၊ လေးဘီးလယ်ထွန်စက်၊ ချည်ထည်၊ သံပိုက်၊ ကားတာယာနှင့် ဆောက်လုပ်ရေးသုံးသံပစ္စည်းတို့ဖြစ်ပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံ သို့အမှန် တင်သွင်းကုန်၏ ငွေ ပမာဏမှာ ၄၁၀၅၁၀ ကန်ဒေါ်လာ  တင်သွင်းမှုရှိခဲ့ပါသည်။

အောက်တိုဘာ ၂ ရက်အထိ တစ်ဖက်နိုင်ငံတရုတ်ပြည်တွင် ဆန်မာတစ်အိတ်လျှင် ၁၀၈ ယွမ်၊ ဆန်ပျော့တစ်အိတ်လျှင် ၁၂၆ ယွမ်ဈေးနှင့် စေ့ထုတ်ပြောင်းတစ်အိတ်လျှင် ၇၆ ယွမ်ဈေးပေါက်လျက်ရှိပြီး မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲ နှုန်းမှာ မြန်မာငွေကျပ် ၁၀ဝ လျှင် တရုတ်ယွမ် သုည ဒဿမ ၅၂ ယွမ် ဖြစ်ပြီး တစ်ယွမ်လျှင် မြန်မာကျပ်ငွေ ၁၉၂ ကျပ်ရှိကြောင်းသိရှိရသည်။

 ဌေးလှိုင် (မနောမြေကုန်သွယ်မှုဗဟိုဌာန)