Main menu

Background

မန္တလေးကုန်စည်ဒိုင်တွင် ကုလားပဲဈေးသိသာစွာမြင့်တက်

Thu, 10/08/2020 - 15:21 -- journal_editor

နိုဝင်ဘာလ ပထမပတ်တွင် မန္တလေးကုန်စည်ဒိုင်၌ ကုလားပဲဈေးနှုန်းအခြေအနေမှာ အိန္ဒိယသို့တင်ပို့ရန်ကိုတာများအတွက် နောက်ဆုံးတင်ပို့ရန်ကာလအချိန်နီးကပ်နေ၌ Exporter ဝယ်လက်များ အဝယ်သွက်လာ၍လည်းကောင်း၊ ပြည်တွင်းစားသုံးမှုမှာလည်း ပုံမှန်အဝယ်ရှိနေခြင်းကြောင့်လည်းကောင်း ဈေးမြင့်တက်လာခဲ့သည်။

ကုလားပဲဖြူ ၅၇ ဒသမ ၂၅ပိဿာဝင် သုံးတင်းတစ်အိတ် ဈေးနှုန်းမှာ ယခုတစ်ပတ် ကုလားပဲဖြူလုံး ကြီး (V2)ကျပ် ၉၄၀၀၀မှ ၉၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၈၉၀၀၀မှ ၉၀၀၀၀၊ ယခင်လကျပ် ၇၆၅၀၀မှ ၇၇၀၀၀၊ ယခင်နှစ်ကျပ် ၇၉၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀၊ ယခင်လထက် ကျပ် ၁၇၅၀၀ မှ ၁၈၀၀၀၊ ယခင်နှစ်ထက်ကျပ် ၁၅၅၀၀ မြင့်တက်လာသည်။

ကုလားပဲ(V7)  ၅၇ ဒသမ ၂၅ပိဿာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၉၂၀၀၀၊ ယခင်တစ်ပတ်ကျပ် ၈၉၀၀၀မှ ၉၀၀၀၀၊ ယခင်လယခင်နှစ်ကျပ် ၇၆၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၅၀၀၊ ယခင်လ၊ ယခင်နှစ်ထက်ကျပ် ၁၆၀၀၀ မြင့်တက်လာသည်။

ကုလားပဲ (929) ၅၆ ဒသမ ၂၅ပိဿာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ်၉၁၅၀၀မှ ၉၁၀၀၀၊ ယခင်တစ်ပတ်ကျပ် ၈၅၀၀၀မှ ၈၆၀၀၀၊ ယခင်လကျပ် ၇၅၀၀၀မှ ၇၅၅၀၀၊ ယခင်နှစ် ကျပ် ၇၆၅၀၀မှ ၇၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၅၀၀မှ ၆၀၀၀၊ ယခင်လထက်ကျပ် ၁၆၀၀၀၊ ယခင်နှစ်ထက်ကျပ် ၁၄၅၀၀ မြင့်တက်လာသည်။

ကုလားပဲထိုင်ဝမ် ၅၆ ဒသမ ၂၅ပိဿာဝင် သုံးတင်းတစ်အိတ် ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၈၇၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၈၁၀၀၀မှ ၈၂၀၀၀၊ ယခင်လကျပ် ၇၄၀၀၀၊ ယခင်နှစ်ကျပ် ၇၉၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၅၀၀၊ ယခင်လထက်ကျပ် ၁၃၀၀၀၊ ယခင်နှစ်ထက် ကျပ် ၈၀၀၀ မြင့်တက်လာသည်။

ချောစုဝင်း (ရတနာပုံကုန်သွယ်မှုဗဟိုဌာန)