Main menu

Background

မြန်မာမှတရုတ်သို့တင်ပို့သစ်သီးဝလံအခြေအနေ

Thu, 10/08/2020 - 15:23 -- journal_editor

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ သစ်သီးဝလံများ တင်ပို့လျက်ရှိရာ အောက်တိုဘာ ၁ ရက်မှ၆ ရက်အထိ ဖရဲ ၁၂၃၆ တန်နှင့် သခွားမွေး ၃၀ ဒသမ ၅ တန်တင်ပို့နိုင်ခဲ့သည်။

စက်တင်ဘာလအတွင်း အရာင်းအဝယ်ဖြစ်ခဲ့သော ဖရဲဈေးမှာ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဖရဲသီးတစ်တန် ယွမ် ၁၂၀ဝ မှ ၂၅၀ဝ၊ မြန်မာငွေ ကျပ် ၄၈၅၀ဝ၀ ခန့်ရှိရာမှ အောက်တိုဘာ ၂ ရက်မှစ၍ ဖရဲသီးတစ်တန် ယွမ် ၁၂၀ဝ မှ ၂၆၀ဝ၊ မြန်မာငွေ ကျပ် ၄၉၄၀ဝ၀ သို့ အနည်းငယ်တက်လာပါသည်။ သခွားမွေးဈေးနှုန်းမှာ တစ်တန် ၁၅၀ဝ မှ ၃၀ဝ၀၊ မြန်မာငွေ ကျပ် ၅၈၂၀ဝ၀ ခန့်ဖြစ်ပါသည်။

၂၉.၃.၂၀၂၀ ရက်မှစ၍ ယနေ့ထိတရုတ်ပြည်တွင်းလူဝင်ထွက်မှု ကန့်သတ်စနစ် ကြောင့်သစ်သီးကားများတရုတ်နိုင်ငံ (ဝမ်တိန်)ကွင်း အထိ သွားရောက်ရောင်းချနေရဆဲဖြစ်သလို သစ်သီးကားဒရိုင်ဘာများကိုဝင်ခွင့်မပြုဘဲ တရုတ်ဖက် မှရွှေးချယ်ထားသော  ယာဉ်မောင်းများဖြင့် သာ အဝင်အထွက်ပြုလုပ်နေရသည်မှာလည်း ၂၀.၄.၂၀၂၀ ရက်မှစ၍ ယနေ့အထိဖြစ်သည်။

တရုတ်ဝင်ပေါက် ကျင်ဆန်းကျော့ဂိတ်ပိတ်ချိန်ကို ယခင် မြန်မာစံတော်ချိန်  ည ၈ နာရီခွဲအထိ  ခွင့်ပြုပေးထားရာမှ ဇွန် ၂ ရက်မှစ၍ ညနေ ၄ နာရီခွဲသို့  ပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း သစ်သီးကားများ အဝင်နည်းခြင်းကြောင့်  ယာဉ်ကြောပိတ်ဆို့မှုမရှိကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ သတင်းရရှိသည်။    

  နေမျိုးထိုက်ကျော် (မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန)