Main menu

Background

အိန္ဒိယတင်သွင်းခွင့်နှင့်အတူမတ်ပဲဈေးတက်

Thu, 10/08/2020 - 15:25 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ်ကာလတွင် တစ်တင်းလျှင် ကျပ် ၃၆၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ဈေးအတက်အကျများစွာမရှိပဲတည်ငြိမ်နေခဲ့သည်။ စက်တင်ဘာ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံ DGFT က မတ်ပဲတန်ချိန် တစ်သိန်းခွဲကို ၃၁.၃.၂၀၂၁ ရက်ထိ နောက်ဆုံးထားတင်သွင်းခွင့်ပြုလိုက်သောကြောင့် အောက်တိုဘာ ၁ ရက်တွင် မြန်မာ မတ်ပဲဈေးနှုန်းသိသာစွာတက်လာသည်။ အောက်တိုဘာ ၁ ရက်နှင့် ၂ ရက်တွင် မတ်ပဲတစ်တင်း လျှင် ကျပ် ၃၇၆၀၀ - ၃၈၀၀၀ ၊ အောက်တိုဘာ ၃ ရက်တွင် ကျပ် ၃၇၁၀၀ မှ ၃၇၄၀၀ ဖြင့် လည်းကောင်း၊ အောက်တိုဘာ  ၄ ရက်တွင် ကျပ် ၃၇၈၀၀ ဖြင့်လည်းကောင်း၊ အောက်တိုဘာ  ၅ ရက်တွင် ကျပ် ၃၈၆၀၀ ဖြင့်လည်းကောင်း၊ အောက်တိုဘာ ၆ ရက်တွင် ကျပ် ၃၈၈၀၀ မှ ၃၉၂၀၀ ဖြင့်လည်းကောင်း၊ အောက်တိုဘာ ၇ ရက်တွင် ကျပ် ၃၈၈၀၀ မှ ၃၉၀၀၀ ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးရှိခဲ့ပါ သည်။ ယခင်သီတင်းပတ်ကာလနှင့်နှိုင်းယှဉ်လျှင် ကျပ် ၃၀၀၀ ဝန်းကျင်ဈေးတက်လာသည်။ ဧရာဝတီတိုင်းတွင်းရှိ မတ်ပဲစိုက်ပျိုးသော ဒေသအသီးသီးတွင် ပေါက်ဈေးရာ ဂဏန်းမျှ အနည်းအများကွာခြားချက်ရှိသော်လည်း ကုန်သည်အများစုမှာ မတ်ပဲဈေးဆက် လက်တက်လာရန် မျှော်လင့်လျက် ရှိကြသည်။

ယခုနှစ်အိန္ဒိယနိုင်ငံ၏မတ်ပဲအထွက်နှုန်းကို တန်ချိန် ၂၁ သိန်းလျာထားခဲ့သော်လည်း မိုးများပြီး သီးနှံပျက်စီးမှုများဖြစ်ပေါ်ခဲ့သောကြောင့် အထွက်နှုန်း ၁၃ သိန်းသာရှိခဲ့သည်။ ထို့ကြောင့် ပဲတင်သွင်းခွင့်မူဝါဒအရ ပြည်တွင်းပဲဈေးနှုန်း ကျဆင်းသွားဖွယ်ရာရှိသော်လည်း ပဲထွက်နှုန်းကျဆင်းခဲ့သဖြင့် လာမည့်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအထိ ပဲဈေးနှုန်းများစွာကျဆင်းသွားဖွယ်ရာမရှိဟု အိန္ဒိယကုန်သည်အများစုကခန့်မှန်းကြောင်း သိရှိရသည်။

ဧရာကုန်သွယ်မှုဗဟိုဌာန