Main menu

Background

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲ တန်ချိန် တစ်သောင်းလေးထောင်ကျော်တင်ပို့

Fri, 10/16/2020 - 12:24 -- journal_editor

အောက်တိုဘာ ၃ ရက်မှ ၉ ရက်တာကာလအတွင်း မြန်မာ-တရုတ်နယ်စပ်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၉ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၈၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။  တင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်မှ ဆန်တန်ချိန် ၆၅၀ နီးပါးနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၇၀ ခန့်တင်ပို့နိုင်ခဲ့သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၃၀၀၀ ကျော်လျော့နည်းခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ်ဆန်ကွဲတင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ တန်ချိန် ၁၇၀၀ ခန့်နှင့် မြဝတီကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၄၅၀ ခန့် တင်ပို့နိုင်သဖြင့် စုစုပေါင်းတန်ချိန် ၂၁၀၀ ကျော်တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ၆၈၅ သန်း  တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၈၀၀  ကျော် ပိုမိုခဲ့ပါသည်။

အောက်တိုဘာ ၄ ရက်မှ ၁၀ ရက်တာကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၃၉ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၄၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

တင်ပို့မှုများမှာ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၃၀၀၀ ခန့်၊ အီးယူနိုင်ငံများသို့ ဆန်တန်ချိန် ၇၇၀ ခန့်နှင့် အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၆၅၀ ခန့်တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၅၀ နီးပါးပိုမို ခဲ့ပါသည်။

ယခုတစ်ပတ် ပင်လယ်ရေကြောင်းမှ ဆန်ကွဲတင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၃၄၃၀ ကျော်နှင့်အီးယူနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၃၅၇၀ ခန့်တင်ပို့နိုင် သဖြင့် စုစုပေါင်းတင်ပို့မှုဆန်ကွဲတန်ချိန် ၇၀၀၀ ကျော်တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၃၃ သန်းခန့်ရှိပါသည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၃၀၀၀ ကျော် ပိုမိုခဲ့ပါသည်။

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၁၄၃၀၀ ခန့်ရှိသဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၈၀၀ ခန့်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

  အေးအေးသန့်