Main menu

Background

မြေသြဇာဈေးကွက်အခြေအနေ

Fri, 10/16/2020 - 12:30 -- journal_editor

ပြည်တွင်းဈေးကွက်များဖြစ်သည့်မော်လမြိုင်၊ တောင်ကြီး၊ မကွေးနှင့် မန္တလေးတို့တွင် အရောင်းအေးကြောင်း သိရသည်။

မော်လမြိုင်ဈေးကွက်၌ ဆောင်းသီးနှံစိုက်ပျိုးချိန်ရောက်နေသော်လည်း အရောင်းအေးပြီး ဈေးငြိမ်နေကြောင်းသိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ ပုလဲ-အကြီး (အမ်စီ) ကျပ် ၂၅၀ဝ၀၊ ပုလဲ-မြန်မာ(နဂါး-တရုတ်) ကျပ်၂၆၅၀ဝ၊ ပုလဲ-မြန်မာ (စုစံ)ကျပ် ၂၄၅၀ဝ၊ ကွန်ပေါင်း(အစိမ်း)(၁၅း၁၅း၁၅)(အမ်စီ)ကျပ် ၄၀ဝ၀ဝ၊ တီစူပါ ၄၆%(သံကွင်း-တရုတ်) ကျပ် ၂၃၀ဝ၀၊ ကွန်ပေါင်း (တရုတ်) (၁၀း၁၀း၅)(မြှားနီ)ကျပ်၂၀ဝ၀ဝ၊ တီစူပါ(၂၀%) (မြှားကမ္ဘာ-တရုတ်) ကျပ် ၂၂၅၀ဝ၊ ပိုတက်(မာကိုတာ)ကျပ်၂၇၀ဝ၀၊ ပိုတက်(အမ်စီ) (နွားခေါင်း)ကျပ် ၂၈၀ဝ၀၊ ကွန်ပေါင်း(ထိုင်း)(Grow How)ကျပ် ၃၇၀ဝ၀ ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။

မန္တလေးဈေးကွက်၌ ကိုဗစ်အခြေအနေကြောင့် ဆိုင်အချို့ပိတ်ထားပြီး အရောင်းအေး နေကြောင်းသိရသည်။ ယခုတစ်ပတ်ယူရီးယား(တရုတ်-ပန်းဖူး)က ကျပ် ၅၀ဝ၊ တီစူပါ(၄၆%) (သံကွင်း)ကျပ် ၆၀ဝ ဈေးမြင့်ပြီးကျန်မြေသြဇာများက ယခင်ဈေးအတိုင်း အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ ယူရီးယား (ရွှေတောင်-တရုတ်)ကျပ်၂၃၄၀ဝ၊ ယူရီးယား(ပန်းဖူး-တရုတ်) ကျပ် ၂၄၀ဝ၀၊ တီစူပါ(၄၆%-တရုတ်)ကျပ် ၂၁၂၀ဝ၊ မြှားသီးစုံကျပ် ၁၇၆၀ဝ၊ ပန်းသီးစုံ ကျပ်၁၇၆၀ဝ၊ အာမို (၁၀း၁၀း၅)ကျပ် ၁၈၅၀ဝ၊ အာမို(၁၅း၁၅း၁၅) ကျပ် ၃၈၅၀ဝ၊ ပိုတက် ကျပ် ၂၅၅၀ဝ၊ မြှားကမ္ဘာ ကျပ် ၁၇၆၀ဝ၊ မြှား(၁၅း၉း၈) ကျပ် ၂၁၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရ သည်။

မကွေးဈေးကွက်၌ အရောင်းအဝယ်အေးကြောင်းသိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေသည့်ဈေးမှာ မြှားကမ္ဘာ-တရုတ် (၁၂:၁၃)ကျပ် ၁၇၅၀ဝ၊ ဆင်(၁၀:၁၀:၅)ကျပ် ၁၇၈၀ဝ၊ သီးစုံ(ဝါစိမ်းပြာ)ကျပ် ၁၈၀ဝ၀၊ အာမို(၁၅:၁၅:၁၅) ကျပ် ၃၈၆၀ဝ၊ အာမို(၁၆:၁၆:၈)ကျပ် ၃၆၃၀ဝ၊ အာမို(၁၀:၁၀:၅)ကျပ် ၁၉၃၀ဝ၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ကျပ်၂၄၇၀ဝ၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်)ကျပ် ၂၄၇၀ဝ၊ မြှားကမ္ဘာ(၁၅:၇:၈) ကျပ် ၂၁၅၀ဝ၊ တောင်သူမ ကျပ် ၁၈၀ဝ၀၊ တီစူပါကျပ် ၂၂၇၀ဝ၊ ဇာမနီကျပ်၁၉၀ဝ၀၊ တက်တိုးကျပ်၂၂၀ဝ၀ဖြင့် အရောင်း အဝယ်ဖြစ် လျက်ရှိသည်။

တောင်ကြီးဈေးကွက်၌ အရောင်းအဝယ်အေးပြီးဈေးငြိမ်ကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ ယူရီးယား (ပန်းဖူး-တရုတ်) ကျပ်၂၄၆၀ဝ၊ တီစူပါ၂၀% (တရုတ်) ကျပ် ၁၅၆၀ဝ၊ ပိုးသတ်ဆေးကျပ် ၂၂၀ဝ၊ တီစူပါ (၁၅)ပတ်လည်(တရုတ်)ကျပ် ၃၉၅၀ဝ၊ တီစူပါ ၁၀း၁၀း၅ (တရုတ်)ကျပ် ၁၈၀ဝ၀၊ ဓာတ်ဆား (တရုတ်)ကျပ် ၁၄၅၀ဝ၊ ပိုတက်(တရုတ်) ကျပ်၂၇၀ဝ၀၊ ယူရီးယား(ယူအေအီး) ကျပ် ၂၅၀ဝ၀၊ မြှားကမ္ဘာ ကျပ်၁၈၅၀ဝ၊ ရွက်ဖျန်းကျပ် ၃၀ဝ၀၊ ဆိုင်ကလုန်း ကျပ် ၃၀ဝ၀၊ ဆိုက်ပါကျပ် ၂၀ဝ၀ ဈေးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။

သီတာဝင်း(DOT)