Main menu

Background

ဈေးနှုန်းကျဆင်းသွားသည့်အောင်ပန်းအာလူး

Fri, 10/16/2020 - 12:38 -- journal_editor

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တရုတ်အာလူးနှင့်ရှမ်းပြည်နယ် အောင်ပန်းမြို့မှအာလူးများ ဝင်ရောက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်တွင်တရုတ်အာလူးတစ်ပိဿာဈေးမှာ ကျပ်၇၅၀ ဖြစ်ပြီး အောင်ပန်းမြို့မှ ဝင်ရောက်လာသောအာလူး တစ်ပိဿာဈေးနှုန်းများမှာ  အာလူး A1 ကျပ် ၆၂၅၊အာလူး OK ကျပ် ၆၅၀၊ အာလူး S1 ကျပ် ၇၀ဝ၊ အာလူး S2 ကျပ် ၈၀ဝ ဈေးနှုန်း အသီးသီးဖြစ်သည်။ တရုတ်အာလူးမှာယခင်အပတ်ဈေးနှုန်းထက် ကျပ် ၆၅၀ ကျဆင်းခဲ့ပြီး အောင်ပန်း အာလူးဈေးများမှာ ယခင်တစ်ပတ်ဈေးနှုန်းထက် အာလူး A1 ကျပ် ၁၇၅၊ အာလူး OK ကျပ် ၄၅၀၊ အာလူး S1  ကျပ် ၆၀ဝ၊ အာလူး  S2 မှာ ကျပ် ၅၅၀ခန့်စီ ဈေးနှုန်းကျဆင်း သွားကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ရန်ကုန်မြို့ဒေသအတွင်း လက်လီပြန်လည်ရောင်းချသူများနှင့် အာလူးကြော်လုပ်ငန်းရှင်များက ဝယ်ယူခဲ့ကြကြောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အောက်တိုဘာ ၁၅ရက် အာလူးဝင်ရောက်မှုမှာ တစ်နေ့လျှင် ပျမ်းမျှကားအစီး အရေအတွက်ကိုးစီးခန့်နှင့်  တစ်ပတ်အတွင်း ကားအစီးရေစုစုပေါင်း ၈၅ စီးဝင်ရောက်ခဲ့ပြီး တစ်နေ့လျှင်ပျမ်းမျှပိဿာချိန်  ၅၄၀ဝ၀  ပိဿာဝင်ရောက်ခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရသည်။

ရွှေဝါထွန်း(မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)