Main menu

Background

တောင်တွင်းကြီးကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံစျေးတို့ကျဆင်းလာ

Tue, 12/01/2020 - 14:00 -- journal_editor

မ‌ကွေးတိုင်းဒေသကြီးအတွင်း တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် နှမ်းမျိုးစုံတို့ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မိုးနှမ်းများဝင်ရောက်လာပြီး အရည်အသွေးနှင့် ဝယ်လိုအားကြောင့် နှမ်းနက်(စမုံ)၊ နှမ်းဖြူနှင့် နှမ်းနီစျေးများ ကျဆင်းလျှက်ရှိပါသည်။ တောင်တွင်းကြီး ကုန်စည်ဒိုင်တွင် ယခုအပတ်၂၅.၁၁.၂၀၂၀နေ့တွင် နှမ်းနက်(စမုံ)ထိပ်စ ၄၅ပိဿာ(၃)တင်းဝင် တစ်အိတ်လျှင်၁၇၀၀ဝ၀ကျပ်နှင့် နှမ်းနက်(စမုံ)အောက်စ တစ်အိတ်လျှင်၁၆၀ဝဝ၀ကျပ်၊ နှမ်းဖြူ ၄၅ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင်၁၀၆၀ဝ၀ကျပ်၊ နှမ်းနီ ၄၅ပိဿာ(၃)တင်းဝင် တစ်အိတ်လျှင်၁၁၀၀ဝ၀ကျပ် ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

          ယခင်အပတ်တွင် ၁၈.၁၁.၂၀၂၀နေ့တွင် နှမ်းနက်(စမုံ)ထိပ်စ ၄၅ပိဿာ(၃)တင်းဝင် တစ်အိတ်လျှင်(၁၇၅၀ဝဝိ/-)နှင့် နှမ်းနက်(စမုံ)အောက်စ တစ်အိတ်လျှင်၁၆၅ဝဝ၀ကျပ်၊ နှမ်းဖြူ ၄၅ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင်၁၀၈၀ဝ၀ကျပ် ၊ နှမ်းနီ ၄၅ပိဿာ(၃)တင်းဝင် တစ်အိတ်လျှင်၁၁၁၀ဝ၀ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)ထိပ်စ ၄၅ပိဿာ(၃) တင်းဝင် တစ်အိတ်လျှင်၅ဝဝ၀ကျပ်နှင့် နှမ်းနက်(စမုံ)အောက်စ ၄၅ပိဿာ(၃)တင်းဝင် တစ်အိတ်လျှင် ၅ဝဝ၀ကျပ်၊  နှမ်းဖြူ ၄၅ပိဿာ(၃)တင်းဝင် တစ်အိတ်လျှင်၂ဝဝ၀ကျပ်၊ နှမ်းနီ ၄၅ပိဿာ(၃)တင်းဝင် တစ်အိတ်လျှင်၁ဝဝ၀ကျပ်ဈေးတို့ ကျဆင်းလျှက်ရှိကြောင်း သိရှိရပါသည်။

      လှမိုးခိုင်

       (ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)