Main menu

Background

တောင်တွင်းကြီးကုန်စည်ဒိုင်တွင် မတ်ပဲစျေးအနည်းငယ်ကျဆင်း

Tue, 12/01/2020 - 14:09 -- journal_editor

မ‌ကွေးတိုင်းဒေသကြီးအတွင်း တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မတ်ပဲများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများအနည်းငယ် ကျဆင်းလျှက်ရှိပါသည်။ တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ယခုအပတ် ၂၅.၁၁.၂၀၂၀နေ့တွင် မတ်ပဲ(ထိပ်စ) ၂၀ပိဿာတစ်တင်းလျှင်၃၁ဝဝ၀ကျပ်နှင့် မတ်ပဲ(အောက်စ) တစ်တင်းလျှင် ၂၉ဝဝ၀ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

          ယခင်၁၈.၁၁.၂၀၂၀နေ့တွင် မတ်ပဲ(ထိပ်စ) ၂၀ပိဿာတစ်တင်းလျှင်၃၃ဝဝ၀ကျပ်နှင့် မတ်ပဲ (အောက်စ)တစ်တင်းလျှင် ၃၁ဝဝ၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ၁၈.၁၁.၂၀၂၀နေ့ နှင့်နှိုင်းယှဉ်ပါက မတ်ပဲ(ထိပ်စ) ၂၀ပိဿာတစ်တင်းလျှင် ၂ဝဝ၀ကျပ်နှင့် မတ်ပဲ(အောက်စ)တစ်တင်း လျှင်၂ဝဝ၀ကျပ်စီတို့ အသီးသီးဈေးကျလျှက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

 

       

    လှမိုးခိုင်

   (ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)