Main menu

Background

င်္သာတကုန်စည်ဒိုင်ရောင်းဝယ်မှုအခြေအနေ

Tue, 03/16/2021 - 09:37 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်တွင် မတ်ပဲဈေးအေးသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိပြီး၊မတ်လ ၁၂ ရက်နေ့တွင် တစ်တင်းလျှင် ၂၇၀ဝ၀ ကျပ်ဈေးဖြင့် အိတ် ၁၀ဝ၀ အရောင်းအဝယ် ဖြစ်ခဲ့သည်။ ပဲတီစိမ်း (ဆီပြောင်) တစ်တင်းလျှင် ၃၅၀ဝ၀ ကျပ်ဈေးဖြင့်အရောင်းအဝယ်ဖြစ်ပြီး၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်တင်းလျှင် ၃၄၇၀ဝ ကျပ်ဈေးဖြင့်အရောင်းအဝယ်ဖြစ်ကာ၊ ပဲတိစိမ်း (အနီ) မှာ တစ်တင်းလျှင် ၆၅၀ဝ၀ ကျပ်ဈေးပေါက်လျက်ရှိပါသည်။ ပဲလွန်းနီ တစ်တင်းလျှင် ၃၃၀ဝ၀ ကျပ်ဈေးဖြင့်လည်းကောင်း၊ ပဲလွန်းဖြူတစ်တင်းလျှင် ၂၃၀ဝ၀ကျပ် ဈေးဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ အစေ့ထုတ် ပြောင်း တစ်တင်းလျှင် ၁၀၁၀ဝ ကျပ်ဈေးဖြင့်လည်းကောင်း၊ ဖွဲနုပေါင် (၇၀) တစ်အိတ်လျှင် ၇၃၀ဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။

 

      ရွှေခိုင် (ဟင်္သာတ)