Main menu

Background

ကျောက်ပန်းတောင်း ထန်းလျက်ဈေးကွက် အခြေအနေ

Mon, 03/21/2022 - 13:36 -- journal_editor

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ်များတွင်  ထန်းပင် အများဆုံး စိုက်ပျိုးထွက်ရှိရာ မြို့နယ်တစ်ခုဖြစ်သည်။ ထန်းပင် စိုက် ပျိုးမှုအနေဖြင့် ၄၁၇၂ ဧကရှိကြောင်း  သိရှိရပြီး ယခင်နှစ်များက ထန်းလှီးတောင်သူနည်းပါးခြင်း၊ မိုးနည်းခြင်းတို့ကြောင့် ထန်းလျက် ထွက်ရှိမှု နည်းခဲ့သည်။ ယခုနှစ်တွင် ထန်းလှီးတောင်သူများ တိုးလာ ပြီး မိုးကောင်းမွန်ခဲ့သောကြောင့် ယခင်နှစ်ထက် အထွက်နှုန်းသုံးဆခန့် ပိုမိုထွက်ရှိမည်ဟု ခန့်မှန်းကြောင်း ထန်းတောင်သူတစ်ဦးထံမှ သိရ သည်။ ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ နှစ်ကျပ်ခွဲ၊ တောင်ဇင်၊ လက်ပံပင်၊တောင်ခြေ၊ ကျွန်းခင်းကြီး၊ ဂွေးပင်၊ ကြောင်ရှာတော၊ စမ်းစု စသည့် ကျေးရွာများမှ ထန်းလျက်များ စတင်ထွက်ရှိနေပြီး ကျောက် ပန်းတောင်းမြို့နယ် အနေဖြင့် ဖေဖော်ဝါရီလ မှစတင်၍ ထန်းဖို ထန်းလျက်ကို ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်ကြသည်။
၂၀၂၀ ပြည့်နှစ်တွင် ကျောက်ပန်းတောင်းမြို့နယ် အနေဖြင့် ထန်းလျက်အထွက် ပိဿာပေါင်း ၁၅၀ဝ၀ဝ၀ ခန့် ထွက်ရှိခဲ့ကြောင်း သိရှိရပြီး ထန်းလျက်များ စတင်ထွက်ပေါ်ချိန်ဖြစ်သည့် ဖေဖော်ဝါရီလ တွင် ထန်းလျက်လုံးသေး တစ်ပိဿာလျှင် ၁၉၀ဝ ကျပ်၊ လုံးလတ် တစ်ပိဿာလျှင် ၁၈၀ဝကျပ်၊ လုံးကြီး တစ်ပိဿာလျှင် ၁၇၀ဝ ကျပ်တို့ ဖြင့် စတင်အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ နှစ် ကုန် ဒီဇင်ဘာလ၌ လုံးသေးတစ်ပိဿာလျှင်၂၀၅၀ ကျပ်၊ လုံးလတ် ၂၀ဝ၀ ကျပ်၊ လုံးကြီး ၁၉၀ဝ ကျပ် တို့ဖြင့် ဈေးပိတ်ခဲ့သည်။၂၀၂၁ ခုနှစ်တွင်  ကျောက်ပန်းတောင်းမြို့နယ် အနေဖြင့် ထန်းလျက်အထွက် ပိဿာပေါင်း ၁၀ သိန်းခန့် ထွက်ရှိခဲ့ကြောင်း သိရှိ ရပြီး စတင်ပေါ်ချိန်တွင် လုံးသေး တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၊ လုံးလတ်မှာ ၁၂၀ဝ ကျပ်နှင့်  လုံးကြီး ၁၀၅၀ ကျပ်တို့ဖြင့်   စတင် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဒီဇင်ဘာလ ဈေးပိတ်ချိန်တွင် လုံးသေး တစ်ပိဿာလျှင်၂၄၀ဝကျပ်၊ လုံးလတ် ၂၃၀ဝ ကျပ်နှင့် လုံးကြီးမှာ ၂၁၅၀ ကျပ်တို့ဖြင့် ဈေးပိတ်ခဲ့ပြီး လက်ကျန်မရှိကြောင်း သိရသည်။၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ထန်းလျက်များ ဈေး ကွက် အတွင်းသို့ ဝင်ရောက်လျက်ရှိရာ လုံးသေးတစ်ပိဿာလျှင် ၂၄၀ဝ ကျပ်၊ လုံးလတ်တစ်ပိဿာလျှင် ၂၃၀ဝကျပ်၊ လုံးကြီးမှာ ထွက် ပေါ်မှု မရှိသေးကြောင်းနှင့် တစ်ရက်လျှင်  အဝင်ပိဿာပေါင်း ၁၂၀ဝ၀ ပိဿာခန့် ဝင်ရောက်နေပြီး အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။ ထန်းလျက်ကို ပြည်ပတင်ပို့မှု အနေဖြင့် မရှိသေး ကြောင်းနှင့် ပြည်တွင်းဈေးကွက်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မိတ္ထီလာ၊ နတ်မောက်၊ ပြည်၊ အောင်လံ၊ တောင်တွင်းကြီး၊ မကွေး၊ ဆင်ဖြူကျွန်းစသည့် မြို့ကြီးများသို့  အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ထန်းလျက်ကို တန်ဖိုး မြှင့်ထုတ်ကုန် (ဠေူကန ဗိနိ) အနေဖြင့် ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ကွက်ရှိ ွှသိပ ဏောူ ဠငေါူန င်္သသိ ီငျအမငဘကအငသည မှ ထန်းလျက်အမှုန့်၊ ထန်းသကြားမှုန့်၊ ချင်းထန်းလျက်မှုန့် တို့ကို မြန်မာ့ ရိုးရာ စားသောက်ကုန်တစ်မျိုးဖြစ်သည့် ထန်းလျက်ဈေးကွက် ပြန်ပြီး အားကောင်းလာစေရန်၊ ထန်းလျက်ကို  အသွင်တစ်မျိုးဖြင့် မြန်မာ့ လက်ဆောင် တစ်ခုအနေဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ ထိုးဖောက် နိုင်ရန်၊ ထန်းပင်ကို အခြေပြုထားသည့် အခြားသော ထုတ်ကုန်များကို ဈေးကွက်ထိုးဖောက်နိုင်ပြီး ထန်းတောင်သူများ၏ ဘဝကို တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်၍ ထုတ်လုပ်ရောင်းချ လျက်ရှိရာ ထန်းလျက်အမှုန့် တစ်ပိဿာလျှင် ၆၀ဝ၀ ကျပ်၊ ထန်း သကြားမှုန့် ၃၀ဝဂရမ် တစ်ထုပ်လျှင် ၂၀ဝ၀ ကျပ်၊ ချင်းထန်းလျက်မှုန့် ၁၅ ဂရမ် အထုပ်သေး ၂၀ထုပ်ပါ တစ်ပါကင်ကို ၃၀ဝ၀ ကျပ်ဖြင့် ထုပ်လုပ် ရောင်းချလျက်ရှိကြောင်း သိရသည်။               ထားအိဝင်း