
ဘဏ္ဍာနှစ်တစ်ခုအတွင်း နိုင်ငံတစ်နိုင်ငံက တင်ပို့သော ပို့ကုန်ထက် တင်သွင်းသော သွင်းကုန်က ပိုမိုများပြားနေချိန်တွင် ကုန်သွယ်ရေးလိုငွေ (Trade deficit)ဖြစ်ပေါ်သည်။ Trade deficit ကို အနုတ်လက္ခဏာဆောင်သော ကုန်သွယ်မှုလက်ကျန် (Negative balance of trade) ဟူ၍လည်း ခေါ်ဆိုသည်။ Trade deficit သည် ကမ္ဘာ့နိုင်ငံများကြား ဖြစ်ပေါ်နေသည့် အပြည်ပြည်ဆိုင်ရာကုန်သွယ် မှုပမာဏကို တိုင်းတာသော နည်းလမ်းတစ်ခုဖြစ်သည်။ Trade deficit ကို ပုံစံအမျိုးမျိုးဖြင့်တွက်ချက်နိုင်ပြီး ကုန်စည်နှင့်ဝန်ဆောင် မှုအုပ်စုများအလိုက် ခွဲခြားတွက်ချက်နိုင်သည်။ သာမန်စာရင်း (Current account)၊ ဘဏ္ဍာရေးစာရင်း (Financial account) နှင့် ငွေလုံးငွေရင်းစာရင်း (Capital account) ကဲ့သို့သော အပြည်ပြည် ဆိုင်ရာ ရောင်းဝယ်မှုအတွက် Trade deficit ကို တွက်ချက်နိုင်သည်။အပြည်ပြည်ဆိုင်ရာ အရောင်းအဝယ်စာရင်း(International transaction account)တွင် အနုတ်လက္ခဏာ လက်ကျန်(Negative balance) ဖြစ်ပေါ်ပါကTrade deficit ဖြစ်ပေါ်သည်။ ပြည်ပငွေပေး ငွေယူရှင်းတမ်းလက်ကျန် (Balance of payment)ကို ကြည့်ခြင်း အားဖြင့်လည်း ကုန်သွယ်မှုလိုငွေ ရှိ၊ မရှိ သိနိုင်သည်။
ကုန်သွယ်မှုလိုငွေကို ဖြစ်ပေါ်စေသော အကြောင်းရင်းများ(Causes of Trade Deficit)
နိုင်ငံတစ်နိုင်ငံသည် လိုအပ်သော အရာအားလုံးကို မထုတ် လုပ်နိုင်သောကြောင့် အခြားနိုင်ငံများထံမှ ဝယ်ယူတင်သွင်းရသည်။ ထို့အတွက် သွင်းကုန်ခွန်များ (Import taxes) ပေးချေရသည်။ ထိုအချက်က Trade deficit ကို ဖြစ်ပေါ်စေသည်။ ဤကဲ့သို့သော လိုငွေပြမှုကို သာမန်စာရင်း လိုငွေပြမှုI (Current account deficit)ဟူ၍ ခေါ်ဆိုသည်။
မိမိနိုင်ငံမှ ကုမ္ပဏီများသည် အခြားနိုင်ငံများသို့ သွားရောက် ၍ ကုန်စည်ထုတ်လုပ်နေခြင်းကလည်း Trade deficit ကို ဖြစ်စေ နိုင်သည်။ ကုန်စည်ထုတ်လုပ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ကို တင်ပို့ရောင်းချပြီး ကုန်ချောများကို ပြန်လည်တင်သွင်းရသော ကြောင့် ကုန်သွယ်မှုလိုငွေကို ဖြစ်ပေါ်စေသည်။
ရိုက်ခတ်မှုများ (Impact)
Trade deficit သည် အစပိုင်းတွင် လူနေမှု အဆင့်အတန်းကို မြင့်မားစေသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံသားများသည် ထုတ်ကုန်ပစ္စည်းမျိုးစုံကို အမြောက်အမြား ရရှိသုံးစွဲနေရသော ကြောင့် ဖြစ်သည်။Trade deficit ကာလရှည်ကြာ ဖြစ်ပေါ်ပါက အစိုးရသည် ကွာဟချက်ကို ဖြည့်ဆည်းရန်အတွက် နိုင်ငံခြားငွေ ပိုမိုရရှိစေရန် ရှာဖွေရမည်။ အကျိုးဆက်အနေဖြင့် ပြည်တွင်းငွေကြေး(Local currency) ၏တန်ဖိုးကို ကျဆင်းစေသည်။
ကုန်သွယ်မှုလိုငွေ ပိုမိုများပြားလာပါက သွင်းကုန်ပို့ကုန် ကွာဟချက် (Import-export gap)ကို လျှော့ချရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာရန် ဆောင်ရွက်ရမည်။
ကုန်သွယ်မှု လိုငွေမြင့်မားခြင်းက အလုပ်အကိုင်များ ပြည်ပ နိုင်ငံများထံသို့ ရောက်ရှိသွားစေပါသည်။ အဘယ်ကြောင့်ဆိုသော် သွင်းကုန်များပြားခြင်းက ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းကို ပိုမိုနည်းပါးစေသောကြောင့် ဖြစ်သည်။သွင်းကုန်ပစ္စည်းများအတွက် ဝယ်လိုအားတိုးခြင်းက ပြည် တွင်းထုတ်ကုန်ပစ္စည်းများ (Locally made goods) အတွက် ဝယ်လို အား ကျဆင်းစေပါသည်။ အကျိုးဆက်အနေဖြင့် ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းခြင်းနှင့် အလုပ်အကိုင် ဆုံးရှုံးခြင်း တို့ကိုဖြစ်စေသည်။
ကောင်းကျိုးများAdvantages)
ကုန်သွယ်မှုလိုငွေသည် နိုင်ငံတစ်နိုင်ငံအား ယင်း၏ ထုတ် လုပ်နိုင်စွမ်း(Production capacities) ထက် ပိုမို၍ စားသုံးစေသည်။ကုန်သွယ်မှု လိုငွေသည် နိုင်ငံများအား ကုန်ပစ္စည်းပြတ်လပ်မှု(Shortfall in goods) မဖြစ်စေရန် ကူညီသည်။ကုန်သွယ်မှုလိုငွေသည် ကုန်သွယ်မှုတွင် ပါဝင်သော နိုင်ငံ များအား နှိုင်းယှဉ်အားသာချက် (Comparative advantage) ကို ဖြစ်စေသည်။ ကုန်သွယ်မှုလိုငွေပြခြင်းက ကမ္ဘာ့ဥစ္စာဓန(Global wealth) ) တိုးတက်ရေးအတွက် ကောင်းကျိုး ဖြစ်ထွန်းစေသည်။ကုန်သွယ်ရေး လိုငွေပြမှုက ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(Foreign direct investment) ကို ပိုမိုဝင်ရောက်လာစေသည်။
ဆိုးကျိုးများ(Disadvantages)
သွင်းကုန်ပိုမိုတင်သွင်းခြင်းက နိုင်ငံခြားငွေ ပြတ်လပ်မှုကို ဖြစ်စေပြီး ဘဏ္ဍာရေးလိုငွေပြမှု(Fiscal deficit)ကို ပိုမိုများပြားစေ သည်။ ကုန်သွယ်ရေးလိုငွေပြမှုက ထိုကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံ တစ် နိုင်ငံအား ထိခိုက်နစ်နာစေသည်။
ပြည်တွင်းမှ အလုပ်အကိုင်များ ပြည်ပသို့ ပိုမိုစီးထွက်နိုင် သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြားမှ တင်သွင်းသော ကုန် ပစ္စည်းများအတွက် ဝယ်လိုအားတိုးပြီး ပြည်တွင်းထုတ်ကုန်များ အတွက် ဝယ်လိုအား ကျဆင်းလျက် ပြည်တွင်းလုပ်ငန်းများ ရပ် ဆိုင်းသွားသောကြောင့်ဖြစ်သည်။ကုန်သွယ်ရေးလိုငွေပြမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသော ကြောင့် နိုင်ငံ၏ အရင်းအမြစ်နှင့် ရရန်ပိုင်ခွင့်များ (Resources & assets) ပိုင်ဆိုင်မှု လျော့နည်းသွားစေသည်။ကုန်သွယ်ရေးလိုငွေ ပိုမိုမြင့်မားလာခြင်းက ပြည်တွင်းငွေ ကြေးတန်ဖိုး (Value of local currency) ကို ကျဆင်းစေသည်။
ကုန်သွယ်ရေးလိုငွေပြမှုI(Trade deficit)သည် တိုင်းပြည်ဝင် ငွေ(GDP) နှင့်အတူ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို တိုင်းတာသော စနစ်တစ်ခုဖြစ်သည်။
Source: byjus.com
သိန်းမြင့်ဝေ