Main menu

Background

သြဂုတ်လတွင် ရော်ဘာတန်ချိန် ၁၂၃၀ဝ ကျော်တင်ပို့

Thu, 09/22/2022 - 15:19 -- journal_editor

သြဂုတ် ၁ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၄၉ သန်း တန်ဖိုးရှိ ရော်ဘာ ၇၇၈၆ တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန်  ၅၄၁၀ ကျော်၊  အိန္ဒိယ နိုင်ငံသို့   ရော်ဘာ ၁၁၄၆ တန်ကျော်၊  မလေးရှားနိုင်ငံသို့    တန်ချိန် ၆၆၀ ကျော်၊ တောင်ကိုရီးယားနိုင်ငံသို့  ရော်ဘာတန်ချိန်  ၄၈၀ ကျော်နှင့် အင်ဒိုနီးရှားနိုင်ငံသို့  ရော်ဘာတန်ချိန် ၈၀ တင်ပို့နိုင်ခဲ့သည်။သြဂုတ်လတွင်  နယ်စပ်ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၀၇ သန်း တန်ဖိုးရှိ  ရော်ဘာ ၄၅၇၇ တန်ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့်  တရုတ် နိုင်ငံသို့  ရော်ဘာတန်ချိန်  ၄၀၆၄  တန်ကျော်နှင့်  ထိုင်းနိုင်ငံသို့  ရော်ဘာ တန်ချိန် ၅၁၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။သြဂုတ်လတွင်  ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ စုစုပေါင်း ရော်ဘာတန်ချိန် ၁၂၃၆၀ တင်ပို့ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ   ၁၈ ဒသမ ဝ၅၆ သန်းရရှိခဲ့သည်ဟု စာရင်းများအရ သိရသည်။                    

         အေးအေးသန့်