Main menu

Background

ဈေးကောင်းရနေသည့် ရွှေငရုတ်

Thu, 09/22/2022 - 15:23 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် ငရုတ်(မိုး) စိုက်ဧက စုစု ပေါင်း ၁၆၁၈၁ ဧက စိုက်ပျိုးထားရှိပြီး ၁၂၆၇ ဧက ရိတ်သိမ်းထွက်ရှိသည်။ တစ်ဧက အထွက်နှုန်းမှာ ၅၅၀ တင်း ထွက်ရှိ ပြီး ဒေသအလိုက် ငရုတ်မျိုးများ ကွဲပြားကြသည်။ အများဆုံး စိုက်ပျိုးသော ငရုတ်မျိုးများမှာ ၆၉၂ မျိုး၊ ၉၂၉ မျိုးနှင့် ဒီမွန်မျိုးများ စိုက်ပျိုးကြသည်။ ငရုတ်သီးအစို တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ဖြင့် ရောင်းချလျက် ရှိပြီး  ပွဲရုံများမှ စိုက်ခင်းများအထိ လာရောက်ဝယ်ယူသူများရှိ သကဲ့သို့ အချို့ တောင်သူများမှာ ပွဲရုံသို့ ကိုယ်တိုင်သွားရောက် ရောင်းချခြင်းများလည်း ရှိသည်။ 
ငရုတ်ပွဲရုံပိုင်ရှင်တစ်ဦးအား ကွင်းဆင်းမေးမြန်းခဲ့ရာ ငရုတ်အစို တစ်ပိဿာ လျှင် ကျပ် ၃၅၀ဝ ဖြင့်ဝယ်ယူပြီး ငရုပ်အစို အညြွှောခခ တစ်ပိဿာလျှင် ၁၅၀ ကျပ် ပေးရကြောင်း၊ အစိုအချိန် ပိဿာ ၂၀ ြွေခလျှင် ငရုတ်သီးအသန့် ၁၆-၁၇ ပိဿာ ဝန်းကျင် မူဆယ်မြို့သို့ တိုက်ရိုက်တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ငရုတ်အစိုဈေး ကွက်မှာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရှိရသည်။             
   မော်မော်အောင်