Main menu

Background

ပြည်အာလူးနှင့် ကြက်သွန်ဖြူဈေးကွက်

Wed, 09/28/2022 - 14:45 -- journal_editor

ပြည်ဈေးကွက်တွင် ရှမ်းအာလူး လက်ကား(ပွဲရုံဈေး) တစ်ပိဿာကို အာလူးအလုံးအကြီး အသေးပေါ်မူတည်၍ ကျပ် ၂၂၀ဝ-၂၄၀ဝ-၂၅၀ဝ-၂၆၀ဝ ဈေးရှိပြီး လက်လီဈေး ကျပ် ၂၆၀ဝ-၃၀ဝ၀ ရှိသည်။ အရောင်း အဝယ်အနေဖြင့် ဒေသတွင်း လက်လီဝယ်ယူသူများ၊  လုပ်ငန်းရှင်များနှင့် အခြားမြို့နယ်များမှ  ဝယ်ယူသူများဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် တောင်ကြီးမှ ရှမ်းအာလူးများ နေ့စဉ် အိတ် ၁၅၀မှ ၂၀ဝ အတွင်း အဝင်ရှိကြောင်း သိရသည်။ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူဈေးမှာ ယခင်တစ်ပတ်က ဈေးမြင့် တက်နေခဲ့ရာမှ ယခုတစ်ပတ်တွင် အနည်းငယ် ဈေးလျော့လာသည်။ ရှမ်း ပြည်နယ် တောင်ကြီးမှ ကြက်သွန်ဖြူများနှင့် မန္တလေးမှတစ်ဆင့် တရုတ် ကြက်သွန်ဖြူများ နေ့စဉ် အိတ် ၅၀ မှ ၁၀ဝအတွင်း အဝင်ရှိနေသည့်အတွက် ပြည်ဈေးကွက်ရှိ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကား (ပွဲရုံဈေး) တစ်ပိဿာ လျှင် ကျပ် ၄၂၀ဝ-၄၅၀ဝ ၊ လက်လီဈေး ကျပ် ၄၅၀ဝ-၄၈၀ဝ ဖြင့် လည်း ကောင်း၊ ရှမ်းစလက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ-၄၅၀ဝ၊ လက်လီဈေး ကျပ် ၃၈၀ဝ-၄၈၀ဝ ဖြင့် ဒေသတွင်း လုပ်ငန်းရှင်များ လက်လီ ဝယ်ယူသူများဖြင့် အရောင်းအဝယ်အေးလျက်ရှိသည်။

ဆုမွန်ဆွေ(ပြည်)