Main menu

Background

ပြည်တွင်း ဂျုံသီးနှံ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် နှစ်သိန်းအထိ ဈေးကောင်းရရှိနေ 

Thu, 09/29/2022 - 11:42 -- journal_editor

ပြည်ပမှ ဂျုံတင်သွင်းမှုမရှိခြင်း ကြောင့် ပြည်တွင်းဂျုံသီးနှံ  သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်နှစ်သိန်းအထိ ဈေး ကောင်း ရရှိနေကြောင်း ကုန်သည်များ ထံမှသိရသည်။ မတ်လအတွင်းက   ဂျုံ သီးနှံ  သုံးတင်းဝင်တစ်အိတ်လျှင်  ကျပ်  ကိုးသောင်းခွဲရှိခဲ့သော်လည်း  လက်ရှိ တွင် ကျပ်နှစ်သိန်းအထိ  ဈေးမြင့်တက် လာခြင်းဖြစ်သည်။ ထို့ပြင် ယခု  ၂၀၂၂ခုနှစ်တွင် ဂျုံ အထွက်နှုန်း   ကောင်းမွန်သည့်အပြင် လက်ရှိတွင် ဈေးကောင်းရရှိနေသော ကြောင့် မြေပြန့်  ဂျုံစိုက် တောင်သူများအတွက်  အမြတ်အစွန်းရပြီး အကျိုးရှိ သည့်နှစ်ဖြစ်ကြောင်း သိရသည်။ ဂျုံသည်  ကမ္ဘာတွင် စားသုံးမှု အများဆုံးသီးနှံဖြစ်ပြီး  မြန်မာနိုင်ငံတွင် ဆန်စပါးပြီးလျှင် ဒုတိယအများဆုံး စားသုံးသည့်သီးနှံဖြစ်ကာ   ယခုကဲ့သို့ ဂျုံဈေးများ ကောင်းနေခြင်းကြောင့် လာ မည့်နှစ်  ဂျုံရာသီတွင် စိုက်ဧကများ တိုး လာနိုင်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဂျုံသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီး၊  မန္တလေးတိုင်း ဒေသကြီးတို့တွင် အဓိက   စိုက်ပျိုးပြီး မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ ချင်းပြည် နယ်၊ကယားပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။လက်ရှိ စိုက်ပျိုးသည့် ဂျုံသီးနှံအမျိုး အစားမှာ  မုံရွာဂျုံဖြူ၊ ဇလုပ်ဂျုံဖြူ၊  V-1287 မျိုးတို့ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဂျုံ သီးနှံကိုဆောင်းရာသီဖြစ်သည့်အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင်သာ စိုက်ပျိုးကြသည်။ အဆိုပါ ဂျုံသီးနှံသည် နေရာဒေသမရွေး စိုက်ပျိုး၍ မရနိုင်သောသီးနှံဖြစ်ပြီးရာသီဥတုနှင့်  မြေအမျိုးအစားအပေါ် မူတည်၍ စိုက် ပျိုးထွက်ရှိကြောင်း သိရသည်။