Main menu

Background

မကွေးမြို့  မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စားဖိုဆောင်သုံး ကုန်ဈေးနှုန်းများ အခြေအနေ

Thu, 09/29/2022 - 12:59 -- journal_editor

စက်တင်ဘာလ ဒုတိယအပတ်တွင် မကွေးမြို့   မြို့မ ဈေး၌   ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာကြောင်း ဈေး ဆိုင်များ ကွင်းဆင်းမေးမြန်းမှုအရ သိရသည်။ စက်တင်ဘာလ ပထမပတ်တွင်   ကြက်သွန်နီ  တစ် ပိဿာလျှင် ကျပ် ၃၅၀ဝဖြင့် အရောင်း အဝယ်ဖြစ်ရာမှ စက် တင်ဘာလ  ဒုတိယအပတ်တွင် ကြက်သွန်နီ အမျိုးအစားနှင့် အရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာလျှင် ကျပ် ၃၆၀ဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်ကာ ဈေးနှုန်းများ  မြင့်တက်လာ ကြောင်း ဆိုင်းခန်းဈေးသည်များနှင့် ပွဲရုံဈေးသည်တစ်ဦးထံမှ သိရှိရသည်။စားဖိုဆောင်သီးနှံများအနေဖြင့်    ငရုတ်သီးခြောက် တစ်ပိဿာလျှင်  ကျပ် ၁၉၀ဝ၀၊   ကြက်သွန်ဖြူ(ဗမာ) တစ် ပိဿာလျှင် ကျပ် ၄၈၀ဝ-၅၂၀ဝ၊ ကြက်သွန်ဖြူ (ရှမ်း) တစ် ပိဿာလျှင် ကျပ် ၆၀ဝ၀၊ နနွင်းတက်   တစ်ပိဿာလျှင် ကျပ် ၄၈၀ဝ၊ ချင်းတက် တစ်ပိဿာလျှင်  ကျပ် ၁၅၀ဝ၊ မန်ကျည်း သီးမှည့် တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀၊ ကုလားပဲခြမ်း တစ် ပိဿာလျှင် ကျပ် ၅၅၀ဝ အာလူးတစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ သကြား တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ၊ ဆား(အချော) တစ် ပိဿာလျှင် ကျပ် ၉၅၀၊ ဆား(ကြမ်း) တစ်ပိဿာလျှင်  ကျပ် ၅၀ဝ၊ ကြက်(CP)တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀-၉၀ဝ၀၊ ကြက် (ဗမာ) တစ်ပိဿာလျှင်  ကျပ် ၁၂၀ဝ၀၊အမဲသား  တစ်ပိဿာ လျှင် ကျပ် ၁၄၀ဝ၀၊ ငါးကြင်းတစ်ပိဿာလျှင်  ကျပ် ၁၂၀ဝ၀၊ ဝက်သား တစ်ပိဿာလျှင်  ကျပ်   ၁၄၀ဝ၀-၁၆၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆိုင်ခန်းဈေးသည်များ နှင့် ပွဲရုံဈေးသည်တစ်ဦးထံမှ သိရှိရသည်။ စားသုံးဆီများအနေဖြင့်လည်း   ပဲဆီတစ်ပိဿာလျှင် ကျပ် ၁၃၅၀ဝ-၁၄၀ဝ၀၊နှမ်းဆီတစ်ပိဿာလျှင်ကျပ် ၁၀၅၀ဝ- ၁၂၀ဝ၀၊ စားအုန်းဆီ တစ်ပိဿာလျှင်  ကျပ် ၉၀ဝ၀-၉၂၀ဝတို့ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆီလက်ကား ဈေး ဆိုင်များထံမှ သိရသည်။              
  ခင်စုစုမွန်(မကွေး)