Main menu

Background

ပြည်ဈေးကွက်၌ ကြက်သွန်နီနှင့် နနွင်းဈေး မြင့်တက်

Wed, 11/02/2022 - 11:44 -- journal_editor

ပြည်ဈေးကွက်သို့ ဆိပ်ဖြူဘက်မှ ကြက်သွန်နီအိတ်   ၃၀ဝ ကျော် ပခုက္ကူဘက်မှ ကြက်သွန်နီအိတ်၂၀ဝခန့်ရက်ခြားအဝင်ရှိနေသည်။ဈေးနှုန်း မှာ ပြည်ဈေးကွက်၌ ယခုကာလတွင် တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ခန့်ထိ ဈေးမြင့်တက်လျက်ရှိသည်။ ဈေးများမြင့်တက်သဖြင့် တစ်ပိဿာလျှင် ကျပ် ၃၄၀ဝ-၃၆၀ဝ ရှိသော ကြက်သွန်နီ အသေးစများသာ   ပိုမိုရောင်းဝယ်မှုရှိ နေသည်။ အရောင်းအဝယ်မှာ ပြည်ဈေးကွက်ရှိ ဒေသတွင်း  လက်လီသမား များ၊ အိတ်ဆွဲဝယ်ရောင်းသမားများအပြင် သာယာဝတီခရိုင်၊   ဧရာဝတီ (ကြံခင်း)နှင့် ပန်းတောင်း၊ ဥသျှစ်ပင်ဈေးကွက်တို့သို့ တင်ပို့ရောင်းချမှုလည်း ရှိနေသည်။
ပြည်ဈေးကွက်ရှိ နနွင်းပွဲရုံသို့ ကျောက်ဆည်၊ ဟင်္သာတနှင့် မင်းတုန်း မြို့တို့မှ နနွင်းများ   ပုံမှန်ဝင်ရောက်လျက်ရှိပြီး ဝယ်လိုအား ကောင်းလာ သော်လည်း ဈေးငြိမ်နေကြောင်းသိရသည်။ နနွင်းဈေးများမှာ  အောက်တို ဘာလ  တတိယပတ်တွင် နနွင်းအတက်ကြီး တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ၊ နနွင်းအတက်သေး တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ ၊ အသေးအညှပ်တစ်ပိဿာ လျှင် ကျပ် ၃၀ဝ၀ ဖြင့် ယခင် အောက်တိုဘာလဆန်းကအတိုင်း ဈေးငြိမ်နေ ပြီး ဒေသတွင်း လက်လီသမားများနှင့် ခြင်ဆေးထွန်းရန် ဝယ်ယူသူများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။               ဝင်းလဲ့ဝါ၊ ခင်ဆွေဦး(ပြည်)