Main menu

Background

ကော့သောင်းမြို့ သဘာဝငှက်သိုက် ဈေးကွက်

Wed, 11/02/2022 - 11:45 -- journal_editor

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အပါအဝင်   ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း စသည့် မြို့နယ်များတွင် သဘာဝငှက်သိုက်စစ်စစ် အများ ဆုံး ထွက်ရှိသည်။ အဆိုပါ သဘာဝငှက်သိုက်စစ်စစ်ကို ကိုယ်ခံအားနည်း သည့် အဘိုးအဘွားများ၊ ကျန်းမာရေးမကောင်းသူများအတွက် သင့်လျော် သည့် အာဟာရဖြည့်စွက်စာတစ်မျိုးဖြစ်သည်။
လတ်တလော ကော့သောင်းမြို့ သဘာဝငှက်သိုက်စစ်စစ် ဈေးကွက် အခြေအနေမှာ အခြောက်ခွက်အသန့် ပထမတန်းစားအခြေခံဈေးနှုန်းမှာ တစ်ကျပ်သားလျှင်  ကျပ် ၅၀ဝ၀ဝ၊ ဒုတိယတန်းစား  အခြေခံဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၄၃၀ဝ၀၊  သဘာဝကုန်ကြမ်းတစ်ကျပ်သားလျှင် ကျပ် ၃၀ဝ၀ဝ ဈေးပေါက်နေပြီး အဖတ်အပြည့်ပါသော သဘာဝငှက်သိုက် စစ်စစ်ပေါင်းရည် ၄၂ မီလီလီတာ တစ်ဘူးလျှင် ကျပ် ၅၅၀ဝ ၊ ၇၅ မီလီ လီတာတစ်ဘူးလျှင် ကျပ် ၇၅၀ဝ ဈေးနှုန်းရှိကြောင်း ငှက်သိုက်ရောင်းချသူ တစ်ဦးထံမှ သိရှိရသည်။                  ယုယုမြင့်(ကော့သောင်း)