Main menu

Background

တညင်းကုန်းလက်ကားဈေးကြီး ကုန်ဈေးနှုန်းအခြေအနေ

Wed, 11/02/2022 - 16:07 -- journal_editor

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ အောက်တိုဘာတတိယပတ်အတွင်း  ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင် ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊  ပြည်၊ လက်ပံတန်း၊ မင်းလှ၊ဝါးနက်ချောင်း၊မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့်ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက်ရောင်းချနေ ကြောင်း သိရသည်။ထိုသို့  ဝင်ရောက်ရာတွင်ယခု ရက် သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ် (ပိဿာ) ကျပ် ၁၈၀ဝ မှ ၂၆၀ဝ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၈၀ဝ မှ ၃၀ဝ၀ အတွင်း၊ ပန်းဂေါ်ဖီ (ထုပ်)ကျပ် ၈၀ဝ မှ ၃၅၀ဝအတွင်း၊   အာလူး(ပိဿာ)ကျပ် ၁၈၀ဝ မှ ၂၄၀ဝ အတွင်း၊ မုန်လာဥနီ (ပိဿာ) ကျပ် ၁၂၀ဝမှ ၁၅၀ဝ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၅၀ဝ မှ ၃၅၀ဝ အတွင်း၊ ဘူးသီး(လုံး) ကျပ်   ၈၀ဝ မှ ၁၆၀ဝ အတွင်း၊ မုန်ညင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀ဝ မှ ၁၈၀ဝ အတွင်း၊  ကြက်သွန်နီ (ဆိပ်ဖြူ)ကျပ်၂၆၀ဝ မှ   ၃၇၀ဝ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ်၂၈၀ဝ မှ၃၆၀ဝအတွင်း၊ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၃၅၀ဝ မှ ၄၀ဝ၀ အတွင်း၊   ချင်း(ပိဿာ)ကျပ် ၁၂၀ဝ မှ ၁၈၀ဝ အတွင်း၊ ဆလတ်ရွက်(စည်း)ကျပ် ၁၅၀ မှ၃၀ဝ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၆၅ မှ ၁၀ဝ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၁၃၀ဝ မှ ၁၈၀ဝ အတွင်း၊  သံပရာသီး(လုံး)ကျပ် ၃၅ မှ ၁၀ဝ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၂၂၀ဝ မှ ၂၈၀ဝ အတွင်း၊   ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၀ဝ၀ မှ ၂၅၀ဝအတွင်းဖြစ်ကြောင်း သိရသည်။
မြင့်မြင့်စန်း(ရန်ကုန်)