Main menu

Background

တညင်းကုန်း လက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Wed, 11/09/2022 - 16:00 -- journal_editor

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင် ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက်ရောင်းချနေကြောင်း သိရှိရသည်။
ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ် (ပိဿာ) ကျပ် ၁၈၀ဝ မှ ၂၅၀ဝ အတွင်း၊ ဂေါ်ဖီထုပ် (တစ်ထုပ်)ကျပ် ၁၀ဝ၀ မှ ၁၈၀ဝ အတွင်း၊ ပန်းဂေါ်ဖီ (ထုပ်) ကျပ် ၈၀ဝ မှ ၁၅၀ဝ အတွင်း၊ အာလူး (ပိဿာ)ကျပ် ၂၂၀ဝ မှ ၂၃၀ဝ အတွင်း၊ မုန့်လာဥနီ (ပိဿာ) ကျပ် ၁၃၀ဝ မှ ၁၈၀ဝ အတွင်း ရွှေဖရုံ သီး (လုံး) ကျပ် ၁၅၀ဝ မှ ၃၅၀ဝ အတွင်း၊ ဘူးသီး (လုံး) ကျပ် ၁၃၀ဝ မှ ၂၀ဝ၀ အတွင်း၊ မုန်ညှင်း (ထုပ်) (ပိဿာ)ကျပ် ၁၂၀ဝ မှ ၂၅၀ဝ အတွင်း၊  ကြက်သွန်နီ (ဆိပ်ဖြူ) ကျပ် ၃၀ဝ၀ မှ ၄၂၀ဝ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)(ပိဿာ)ကျပ် ၃၀ဝ၀ မှ ၃၈၀ဝ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၆၀ဝ မှ ၄၀ဝ၀ အတွင်း၊ ချင်း (ပိဿာ)ကျပ် ၁၂၀ဝ မှ ၂၀ဝ၀ အတွင်း၊ ဆလတ်ရွက် (စီး) ကျပ် ၁၅၀ မှ ၃၀ဝ အတွင်း၊ ချဉ်ပေါင်ရွက် (စီး) ကျပ် ၆၀ မှ ၁၀ဝ အတွင်း၊  ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၁၂၀ဝ မှ ၁၅၀ဝ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀ဝ အတွင်း၊ ငရုတ်သီး စိမ်း(ကျောက်စိမ်း) (ပိဿာ)ကျပ် ၂၂၀ဝ မှ ၃၀ဝ၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၀ဝ၀ မှ ၂၅၀ဝ အတွင်းဖြစ်ကြောင်း သိရှိရသည်။
 တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီး  အလုံးပေါင်း ၂၂၁၆၀ဝ ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) ၁၅၆၀ဝ ကျော်၊ ဘူးသီး အလုံးပေါင်း ၄၇၈၅ ကျော်၊ ရွှေဖရုံသီး အလုံးပေါင်း ၁၀၅၀ ကျော်၊ ဂေါ်ဖီထုပ်ပေါင်း ၃၉၀ဝ၀ ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း ၂၁၁၀ဝ ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း ၁၁၂၃၅ ကျော်၊ ဖရဲသီးလုံးပေါင်း ၂၆၄၀ဝ ကျော် အသီးသီး  ကုန်အဝင်ရှိ ကြောင်း သိရသည်။                                                               မြင့်မြင့်စန်း(ရန်ကုန်)