Main menu

Background

ဈေးကွက်အတွင်း၌ ငရုတ်သီးစိမ်းနှင့် သကြားဈေးနှုန်း အနည်းငယ်မြင့်တက်

Wed, 11/23/2022 - 14:15 -- journal_editor

စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာနှင့် ရေနီကန်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ထွက်ရှိသော ငရုတ်သီးစိမ်းကို  ဒေသတွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချ ကြကြောင်း သိရသည်။ နိုဝင်ဘာလအတွင်း ငရုတ်သီးစိမ်း တစ် ပိဿာလျှင် ၄၈၀ဝ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင် အောက်တိုဘာလအတွင်း ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ၄၅၀ဝ ကျပ် သာရှိခဲ့ကာ ယခင်လနှင့် ယခုလအတွင်း  ငရုတ်သီးစိမ်း တစ် ပိဿာလျှင် ၃၀ဝ ကျပ်ခန့်   ဈေးအနည်းငယ်   မြင့်တက်လာကြောင်း ငရုတ်သီးစိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရသည်၊။
သကြားကို ရိုးရာမုန့်လုပ်ငန်းများနှင့်အခြားမုန့်ပဲသရေစာ လုပ်ငန်းများတွင် မပါမဖြစ်   အသုံးပြုကြသည်။ သကြားကို တောင်ကြီးနှင့် ရန်ကုန်မြို့ကြီးများမှ တင်သွင်းပြီး  ယခု နိုဝင် ဘာလအတွင်း သကြားဈေးနှုန်းမှာ သကြားအညို တစ်ပိဿာ လျှင် ၃၀ဝ၀ ကျပ်ခန့်ရှိပြီး ပြီးခဲ့သည့်  အောက်တိုဘာလအတွင်း သကြားအညို တစ်ပိဿာ ဈေးနှုန်းမှာ ၂၅၀ဝ ကျပ်သာရှိသည်။
ယခင်လနှင့် ယခုလဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် သကြား ညို တစ်ပိဿာလျှင် ၅၀ဝကျပ်ခန့် ဈေးနှုန်းအနည်းငယ် တက် လာကြောင်း သီရိမင်္ဂလာဈေးအတွင်း သကြားရောင်းချသူတစ်ဦး ထံမှ သိရသည်။
ပိုးအိခိုင်(DOCA)