Main menu

Background

နိုဝင်ဘာ ဒုတိယပတ်အတွင်း ဘိလပ်မြေနှင့် ဓာတ်မြေသြဇာတင်သွင်းမှု အခြေအနေ

Mon, 11/28/2022 - 13:38 -- journal_editor

နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  ၆ ဒသမ ဝ၄၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၁၁၀ဝ၀ ခန့်တင်သွင်းခဲ့သည်။  တင်သွင်းမှုများအနေဖြင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၅၀ဝ၀ ခန့်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၃၃၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊  ထိုင်ဝမ်မှ တန်ချိန် ၁၀ဝ၀ ကျော်နှင့် အင်ဒိုနီးရှားနိုင်ငံမှ ၁၀ တန်ကျော် တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ  ဓာတ်မြေသြဇာ အများဆုံးတင်သွင်းကြောင်း သိရသည်။  အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာတန်ချိန် ၁၅၀ဝ၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။ နယ်စပ်ကုန်သွယ်မှုမှ  နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၀၃ သန်း တန်ဖိုးရှိ ဓာတ်မြေ သြဇာ တန်ချိန် ၃၃၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်နိုင်ငံမှ တန်ချိန် ၂၂၀ဝ ကျော်၊ အိန္ဒိယနိုင်ငံမှ တန်ချိန် ၂၀ဝကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၉၀ဝ ကျော် တင်သွင်းခဲ့သည်။  ယခုတစ်ပတ်အတွင်း တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာအများဆုံးတင်သွင်းကြောင်း သိရသည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက  နယ်စပ်မှ ဓာတ်မြေသြဇာတန်ချိန် ၁၀ဝ၀ ကျော် တင်သွင်းမှုပိုမိုခဲ့ကြောင်း သိရသည်။ 
နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည  ဒသမ ဝ၈၉ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၅၀ဝ ကျော်အား မလေးရှားနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဘိလပ်မြေတန်ချိန် ၄၅၀  ကျော်  ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ နယ်စပ်ကုန်သွယ်မှုမှ နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကာလ အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၄၈ သန်း တန် ဖိုးရှိ ဘိလပ်မြေတန်ချိန် ၃၁၀ဝ ကျော်အား ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေ တန်ချိန် ၁၅၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။                                                                                             အိမ့် (DOT)