Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်မှ အောက်တိုဘာလအတွင်း  ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၆၂ သန်းကျော်ရှိ 

Mon, 11/28/2022 - 14:22 -- journal_editor

မြန်မာ-ထိုင်း  နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ  ယခုဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှုမှာ ပို့ကုန် အမေရိကန် ဒေါ်လာ ၄၀ ဒသမ ၇၀၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၅၇၀ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၆၂ ဒသမ ၂၇၁ သန်းဖြစ်သည်။ ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅ ဒသမ ဝ၅၂သန်း လျော့နည်းခဲ့ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ ၄၃၀ သန်းပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာ ဏအနေဖြင့် အမေရိကန်ဒေါ်လာ ၄၁ဒသမ ၆၂၂သန်း လျော့နည်းခဲ့သည်။
ယမန်နှစ် ကာလတူထက် ပို့ကုန်တင်ပို့မှုလျော့နည်းရခြင်းမှာ လယ်ယာ ထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ရေ ထွက်ပစ္စည်းများ၊ စက်မှုကုန်ချော ပစ္စည်းများနှင့် အခြားပစ္စည်းများ တင်ပို့မှု လျော့ကျခဲ့ခြင်းကြောင့်ဖြစ်သည်။ ကာလတူထက် သွင်းကုန်တန်ဖိုး ပိုမိုရခြင်း မှာ ရင်းနှီးမြှုပ်နှံမှုပစ္စည်းနှင့် လူသုံးပစ္စည်းများ၊ ပိုမိုတင်သွင်းခဲ့သောကြောင့် ဖြစ်သည်။
အနီးစပ်ဆုံးကာလဖြစ်သော စက်တင်ဘာလ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၉၄၅ သန်း၊ သွင်းကုန် တင်သွင်းမှုတွင် အမေရိကန်ဒေါ်လာ ၂၇ဒသမ ၇၉၇ သန်း လျော့ နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၇၄၂သန်း လျော့နည်းခဲ့သည်။ ပို့ကုန်တန်ဖိုး လျော့ကျရခြင်းမှာ လယ်ယာထွက်ကုန်၊ သစ်တောထွက်နှင့် စက်မှုကုန်ချောပစ္စည်းများ တင်ပို့မှု လျော့ကျခြင်းကြောင့် ဖြစ်ပြီး သွင်းကုန်တန်ဖိုး လျော့ကျရခြင်းမှာ ရင်းနှီမြှုပ်နှံမှု၊ လုပ်ငန်းသုံးနှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းမှု လျော့ကျခြင်းကြောင့်ဖြစ်သည်။
ယခုနှစ် အောက်တိုဘာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲဆန်၊ နှမ်းဖြူ၊ နနွင်းတက်၊ ဝဥ (အစို)  အခြောက်၊ ကြက်သွန်နီ၊ ရော်ဘာ၊ ငရုတ်သီးခြောက်၊ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်၊ ငါးရှဥ့် နှင့် အခြားရေထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်၊ ချုပ်ပြီးအထည်များ၊ အခြားစက်မှုကုန်ချောများ၊ အများဆုံး တင်ပို့ခဲ့သည်။ သွင်းကုန် တင်သွင်းမှု တွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်များ၊ လူသုံးကုန် ပစ္စည်းများ တင်သွင်းခဲ့သည်။ မြဝတီကုန်သွယ်ရေးဇုန်မှ အောက်တိုဘာလ အတွင်း ကုန်သွယ်မှုလျာထားချက်အပေါ် လုပ်ငန်းဆောင်ရွက်မှုမှာ ၁၂၉ ဒသမ ၄၁၃ ရာခိုင်နှုန်းရှိကြောင်း မြဝတီကုန်သွယ်ရေးဇုန်မှ သိရှိရသည်။    
          CJ