Main menu

Background

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးကွက်

Tue, 11/29/2022 - 10:24 -- journal_editor

မော်လမြိုင်မြို့၌ ယခုနိုဝင်ဘာလ တတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ    အရောင်းအဝယ်  ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း  သိရှိရသည်။   ဈေးကွက်ထဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ  ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ)ကျပ် ၁၀၃၀ဝ၊ ဆင်(ထိုင်း) ကျပ် ၁၄၀ဝ၀၊ ကြံ့တံဆိပ် (အဝါ) ကျပ် ၁၀၂၀ဝ ဖြင့်  အရောင်းအဝယ်ဖြစ်နေ ပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း မှာ ယခုနိုဝင်ဘာလ တတိယအပတ်တွင် ကွန်ပေါင်း (မြန်မာ့ သြဘာရွှေကောမက်) ၁၅း၁၅း၁၅ 50kg  ပါတစ်အိတ်မှာ ကျပ် ၁၇၂၀ဝ၀၊ ကွန်ပေါင်း ၂၀း၁၂း၁၂ 50kg  ပါတစ်အိတ်မှာ ကျပ် ၁၇၈၀ဝ၀၊ ကွန်ပေါင်း (Thai Grow How)  ၁၅း၁၅း၁၅ 50kg   ပါတစ်အိတ်မှာ ကျပ် ၁၆၅၀ဝ၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE)  50kg   ပါတစ်အိတ်မှာ ကျပ် ၇၅၀ဝ၀၊  ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg  ပါ တစ်အိတ်မှာ ကျပ် ၁၄၅၀ဝ၀၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ)  100cc  ပါ   တစ်ပုလင်းမှာ ကျပ် ၃၁၀ဝ၊ မာလာ မြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) ၅၀ဝcc  ပါ   တစ်ပုလင်းမှာ ကျပ်၁၃၅၀ဝဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။
မွန်ပြည်နယ်သည် ရော်ဘာကိုအဓိကစိုက်ပျိုးလျက် ရှိသော ပြည်နယ်တစ်ခုဖြစ်သည်။  မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ် ပုံမှန်ရှိနေသည်။ ပြည်နယ်အတွင်း အရောင်းအဝယ်ဖြစ်သည့် ရော်ဘာထွက်ကုန် အမျိုးအစားအများစုမှာ RSS-3 နှင့် RSS-5   အား ပြည်တွင်းရောင်းဝယ်မှုနှင့် ပြည်ပတင်ပို့မှုပုံစံဖြင့်လည်း ကောင်း၊ အထူပြားများ၊ ခွက်ကပ်၊ ဆွဲပတ်များကို  လုပ်သား စရိတ်လျှော့ချနိုင်ရေးအတွက် TSR စက်ရုံများသို့ ပေးပို့ရောင်း ဝယ်မှုရှိကြောင်း သိရှိရသည်။ ရော်ဘာဈေးနှုန်းမှာ  နိုဝင်ဘာ ဒုတိယပတ်တွင် ဈေးနှုန်းအနည်းငယ်   ကျဆင်းလျက်ရှိပြီး နိုဝင်ဘာ ၁၆ ရက်မှ  ၂၁ ရက်ထိ ရော်ဘာဈေးနှုန်းမှာ RSS-3    တစ်ပေါင်လျှင် ကျပ် ၁၂၄၀၊  RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၂၀ နှုန်း ပေါက်ဈေးရှိနေကြောင်း သိရှိရသည်။ မော်လမြိုင် မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ(50 Kg)ပါ တစ် ထုပ်လျှင် ၁၅၀ဝကျပ်၊ ရော်ဘာတစ်တန်လျှင် ၃၀ဝ၀ဝ ကျပ် ဖြင့်လည်းကောင်း၊ မော်လမြိုင်မြို့မှမန္တလေးမြို့သို့ (50 Kg) ပါ တစ်ထုပ်လျှင် ၂၅၀ဝ ကျပ်၊ ရော်ဘာတစ်တန်လျှင် ၅၀ဝ၀ဝ ကျပ်ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း  ရော်ဘာကုန်သည် များထံမှ သိရှိရသည်။                        
အောင်မြင့်မြတ်(မွန်)