Main menu

Background

ရွှေဘိုမြို့တွင် ရောင်းချနေသော  အခြေခံ စားကုန်များ၏  ဈေးနှုန်း အခြေအနေ

Fri, 12/09/2022 - 14:42 -- journal_editor

နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ရွှေဘိုမြို့နယ်၌  အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ကျပ် ၃၆၀ဝ၊ ဧရာမင်း ဆန် တစ်ပြည် ကျပ် ၂၈၀ဝဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ကြက်သွန်နီ လက်လီဈေးမှာ(ကြီး)တစ်ပိဿာ ကျပ် ၄၈၀ဝ၊ (လတ်) တစ်ပိဿာ ကျပ် ၄၅၀ဝ၊ (သေး) တစ်ပိဿာ ကျပ် ၃၇၀ဝ နှုန်း ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ကျပ် ၃၅၀ဝမှ ကျပ် ၄၀ဝ၀ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၄၅၀ဝ မှ ကျပ် ၅၀ဝ၀ထိ၊ (ကြူကုပ်) တစ်ပိဿာ ကျပ် ၅၀ဝ၀ မှ ကျပ် ၆၀ဝ၀ထိ၊ ချင်း တစ်ပိဿာ ကျပ် ၁၃၀ဝ မှ ကျပ် ၁၅၀ဝ ထိ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ကျပ် ၁၇၀ဝ၀ မှ ကျပ် ၁၈၀ဝ၀ အထိ အာလူး တစ်ပိဿာ ကျပ် ၁၈၀ဝမှ ကျပ် ၂၆၀ဝထိ၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၂၆၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး) တစ်လုံး ကျပ် ၂၅၀၊ (သေး) တစ်လုံး ကျပ် ၂၀ဝ ၊ ဘဲဥ (ကြီး) တစ်လုံး ကျပ် ၃၀ဝ၊ (သေး)တစ်လုံး ကျပ် ၂၅၀ ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(ဃဏ)  တစ်ပိဿာ ကျပ် ၉၀ဝ၀ မှ ကျပ် ၁၀ဝ၀ဝ ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ မှ ကျပ် ၁၃၀ဝ၀ ထိ၊  ဝက်သား တစ်ပိဿာ ကျပ် ၁၄၀ဝ၀ မှ ကျပ် ၁၈၀ဝ၀ ထိ၊ အမဲသားတစ်ပိဿာ ကျပ် ၁၄၀ဝ၀မှ ကျပ် ၁၆၀ဝ၀ ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၆၀ဝ၀၊ ငါးကြင်း တစ်ပိဿာ ကျပ်  ၅၅၀ဝ ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။
စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ မှ ကျပ် ၁၁၀ဝ၀ ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၈၀ဝနှင့် နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၁၀ဝ၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ သည်။
အေးသိင်္ဂီစိုး (ရွှေဘို)