Main menu

Background

ပုသိမ်ကောက်ညှင်းဆန်  ယခင်နှစ်ထက် ဈေးနှုန်းမြင့်တက်နေ

Tue, 12/13/2022 - 12:09 -- journal_editor

မြန်မာ့ရိုးရာသရေစာ မုန့်အများစုတွင် ပါဝင်လျက်ရှိပြီး ပြည်တွင်းဈေးကွက် ခိုင်မာလျက်ရှိသော ကောက်ညှင်းဆန် ဈေးနှုန်းမှာ ပုသိမ်ဈေးကွက်တွင် ယခင်နှစ်ထက် ဈေးနှစ်ဆနီးပါး မြင့်တက်လျက်ရှိကြောင်း သိရသည်။ ယခင်နှစ်ကောက်ညှင်းစပါးတင်း ၁၀ဝ လျှင် ကျပ်ကိုးသိန်း၊ ၁၀ သိန်းဝန်းကျင်နှင့် ကောက်ညှင်းဆန် တစ်အိတ်ကို ကျပ်  ၄၀ဝ၀ဝ-၄၁၀ဝ၀ ဈေးသာရှိသော်လည်း ယခုနှစ် ကောက်ညှင်းစပါးဈေးမှာ တင်း ၁၀ဝ ကို ကျပ် သိန်း၂၀ ဝန်းကျင်နှင့် ကောက်ညှင်းဆန် တစ်အိတ်ကို ကျပ် ၉၀ဝ၀ဝ-၉၁၀ဝ၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ကောက်ညှင်းစပါးမှာ အောက်တိုဘာလအတွင်း ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး ပုသိမ်မြို့နယ်နှင့် ရေကျ နောက်စိုက် ငပုတော၊ သာပေါင်းမြို့နယ်များမှလည်း လာရောက်ရောင်းချမှုရှိကြောင်း၊ ကောက်ညှင်းစပါးကို နှစ်ပတ်လည် သိုလှောင်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့အထက် အညာဒေသများနှင့် ရန်ကုန်ဈေးကွက်သို့ လစဉ် မှာယူသလောက် ကြိတ်ခွဲတင်ပို့ရောင်းချလျက်ရှိကြောင်း ပုသိမ်မြို့ ကောက်ညှင်းဆန်အဓိက ရောင်းဝယ်လျက်ရှိ သော ကုန်သည်ထံမှ သိရသည်။                                                                                                        

မင်းမင်းဦး (ပသ)