Main menu

Background

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသောကုန်ဈေးနှုန်းအခြေအနေ

Tue, 12/27/2022 - 10:22 -- journal_editor

အင်းစိန်မြို့နယ်ရှိ  တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့  ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အတွင်း ညောင်တုန်း၊  မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရသည်။  ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တ ပတ်အတွင်း ခရမ်းချဉ်သီး  ထိုင်ဝမ်(ပိဿာ) ကျပ် ၉၀ဝ မှ ၁၈၀ဝ အတွင်း၊ ဂေါ်ဖီထုပ် (တစ်ထုပ်) ကျပ် ၅၀ဝ မှ ၁၀ဝ၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် ၄၀ဝ မှ ၁၂၀ဝ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၇၀ဝမှ ၂၃၀ဝ အတွင်း၊ မုန့်လာဥနီ (ပိဿာ) ကျပ် ၁၂၀ဝ မှ ၂၀ဝ၀ အတွင်း  ရွှေဖရုံသီး(လုံး)ကျပ် ၁၀ဝ၀ မှ ၆၀ဝ၀ အတွင်း၊  ဘူးသီး(လုံး) ကျပ် ၅၀ဝ မှ ၁၂၀ဝ အတွင်း၊ မုန်ညင်း(ထုပ်)(ပိဿာ) ကျပ် ၁၀ဝ၀ မှ ၁၅၀ဝအတွင်း ဖြစ်သည်။ 
ကြက်သွန်နီ (ဆိပ်ဖြူ)ကျပ် ၃၀ဝ၀ မှ ၄၃၀ဝ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)(ပိဿာ)ကျပ် ၃၀ဝ၀ မှ ၄၄၀ဝ အတွင်း၊  ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၄၀ဝ မှ ၃၇၀ဝ အတွင်း၊   ချင်း (ပိဿာ)ကျပ် ၁၂၀ဝ မှ ၂၂၀ဝ အတွင်း၊ ဆလတ် ရွက်(စည်း)ကျပ် ၁၀ဝ မှ ၂၅၀ အတွင်း၊ ချဉ်ပေါင် ရွက်(စည်း) ကျပ် ၆၅ မှ ၁၅၀ အတွင်း၊   ခရမ်းသီး  (ရှည်)(ပိဿာ)ကျပ် ၇၀ဝ မှ၁၆၀ဝအတွင်း၊ သံပရာ သီး (လုံး)ကျပ် ၅၀  မှ ၁၇၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)  ကျပ် ၁၅၀ဝ မှ ၂၅၀ဝ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၀ဝ၀ မှ ၇၅၀ဝ အတွင်းဖြစ်ကြောင်း သိရသည်။
မြင့်မြင့်စန်း(ရန်ကုန်)