Main menu

Background

တညင်းကုန်း လက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Thu, 01/19/2023 - 13:46 -- journal_editor

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့  ဇန်နဝါရီ  ၄ ရက်မှ ၁၀ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊  မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ  ဟင်းသီးဟင်းရွက်နှင့်  သစ်သီးဝလံပန်းမန်များ  အများဆုံး ဝင်ရောက် ရောင်းချနေကြောင်း သိရှိရသည်။
ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး  ထိုင်ဝမ် (ပိဿာ)ကျပ် ၁၂၀ဝ မှ ၂၄၀ဝ အတွင်း၊  ဂေါ်ဖီထုပ် (တစ်ထုပ်)ကျပ် ၅၀ဝ မှ ၁၀ဝ၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၆၀ဝ မှ ၁၂၀ဝ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၈၀ဝ မှ ၂၃၀ဝ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၁၂၀ဝ မှ ၁၈၀ဝ အတွင်း ရွှေဖရုံသီး(လုံး) ကျပ် ၁၀ဝ၀ မှ ၆၀ဝ၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၅၀ဝ  မှ ၃၀ဝ၀ အတွင်း၊ မုန်ညင်း (ထုပ်)(ပိဿာ)ကျပ် ၁၂၀ဝ မှ ၂၀ဝ၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၀ဝ၀ မှ ၂၆၀ဝအတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၄၀ဝ၀ မှ ၄၅၀ဝ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၅၀ဝမှ ၃၈၀ဝ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၅၀ဝ မှ ၁၈၀ဝ အတွင်း၊ ဆလတ်ရွက်(စည်း) ကျပ် ၁၅၀ မှ ၃၅၀ အတွင်း၊ ချဉ်ပေါင်ရွက် (စည်း) ကျပ် ၆၅ မှ ၁၂၀ အတွင်း၊ ခရမ်းသီး  (ရှည်)(ပိဿာ) ကျပ် ၁၀ဝ၀ မှ ၁၈၀ဝ အတွင်း၊ သံပရာသီး (လုံး)ကျပ် ၄၀ မှ ၂၀ဝ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၂၀ဝ၀ မှ ၂၅၀ဝ အတွင်း၊ ဖရဲသီး (အကြီး၊အလတ်၊ အသေး)ကျပ် ၁၅၀ဝမှ ၇၀ဝ၀ အတွင်းဖြစ်ကြောင်း သိရှိရသည်။
တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့   ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း ၁၉၃၇၀ဝ ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) ၉၄၆၀ကျော်၊ ဘူးသီးအလုံးပေါင်း ၃၃၂၀ ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း ၂၇၉၅ ကျော်၊ ဂေါ်ဖီ ထုပ်ပေါင်း  ၄၆၉၀ဝ ကျော်၊ ပန်းဂေါ်ဖီ ထုပ်ပေါင်း  ၁၆၃၀ဝ ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း ၁၁၅၆၅ ကျော်နှင့် ဖရဲသီးလုံးပေါင်း ၂၄၀ဝ၀ ကျော် အသီးသီး ကုန်အဝင်ရှိကြောင်း သိရသည်။                                           
    မြင့်မြင့်စန်း(ရန်ကုန်)