Main menu

Background

မိတ္ထီလာ ဈေးကွက်အတွင်း နေကြာနှင့် နေကြာဆီဈေးနှုန်း

Thu, 01/19/2023 - 13:46 -- journal_editor

မိတ္ထီလာခရိုင်အတွင်း ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာကို မိတ္ထီလာ၊ မလှိုင်နှင့် သာစည်မြို့နယ်များ၌ စိုက်ပျိုးကြပြီး မိုးနေကြာကို စက်တင်ဘာလတွင် စိုက်ပျိုး၍ ဒီဇင်ဘာလတွင် ရိတ်သိမ်းကြသည်။ 
နေကြာကို ယခုနှစ် တိုးချဲ့စိုက်ပျိုးလာရာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နေကြာစိုက်ဧက ၉၀၃၇ဧက၊ ရိတ်ဧက ၁၈၉၆ ဧက၊ အထွက်စုစုပေါင်း ၂၄၈၅၇ တင်း ထွက်ရှိကြောင်း၊ နေကြာဆီသည် ကျန်းမာရေးနှင့်လည်း  ညီညွတ်သဖြင့် ယခင်ကထက် စားသုံးမှုများလာ၍ ဈေးကွက်ပိုမိုရရှိလာကြောင်း၊ ဆီကြိတ်ပြီးထွက်ရှိလာသော နေကြာဖတ်ကိုလည်း တိရစ္ဆာန်စာအဖြစ် အသုံး ပြုကြသည်။ 
ယခုလက်ရှိ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော နေကြာနှင့် နေကြာဆီဈေးနှုန်းမှာ နေကြာ တစ်ပိဿာလျှင် ကျပ် ၃၇၀ဝ၊ နေကြာဆီ တစ်ပိဿာလျှင် ကျပ် ၁၂၅၀ဝ ရှိကြောင်း၊ ယခင်နှစ် နေကြာတစ်ပိဿာလျှင် ကျပ် ၄၂၀ဝ၊ နေကြာဆီတစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀ ရှိခဲ့ပြီး ယခင်နှင့်ယခုနှစ် နှိုင်းယှဉ်လျှင် နေကြာတစ်ပိဿာ ၅၀ဝ ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၅၀ဝ ကျပ်ခန့် ဈေးနှုန်း ကျဆင်းခဲ့လာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ မိုးနေကြာများ ရိတ်သိမ်းပြီး  ဈေးကွက် ဝင်ရောက်လာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။                                                                                                                                              

မြို့ရီ