Main menu

Background

ရေနံချောင်းမြို့နယ်ရှိ ပင်းချောင်း၌ အပင်စိုက်ကြက်သွန် စတင်စိုက်ပျိုးလျက်ရှိ

Thu, 02/02/2023 - 16:26 -- journal_editor

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ ပင်းချောင်း၌ ကြက်သွန်နီများ စတင်၍ စိုက်ပျိုး လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ရေနံ ချောင်းမြို့နယ်၌ ဥစိုက်ကြက်သွန်နှင့် ကြက်သွန်နီ စေ့ကို ပျိုးထောင်၍ ရရှိသောပျိုးပင်ကို စိုက်သော အပင်စိုက်ကြက်သွန်ကို   နှစ်စဉ်လုပ်ကိုင်ကြရာ လက်ရှိ အပင်စိုက် ကြက်သွန်နီများ စိုက်ပျိုးလျက် ရှိသည်။
ပင်းချောင်းမှာ  စိုက်ရန်အတွက် ကနဦး ကြက်သွန်ပျိုးစေ့ကို ပျိုးထောင်ရပြီး တန်ဆောင် မုန်းလထဲတွင် ကြက်သွန်ပျိုးစေ့ကို ပျိုးထောင်ရ သည်။  ပျိုးစေ့တစ်ပုံး  ဒေသအခေါ် နို့ဆီဘူး တစ်ဘူးလျှင် ရှစ်ဘောင်။   နို့ဆီဘူး နှစ်ဘူးလျှင် ခြောက်ဘောင်အဖြစ် ပျိုးဘောင်ဖြင့် စိုက်ရသည်။ ၎င်းပျိုးစေ့ကို ၅၅ ရက်သားရှိ ပျိုးပင်ကို ပင်းချောင်း ရှိစိုက်မည့်မြေကို ရွှေ့ပြောင်းစိုက်ရကြောင်း သိရသည်။ ကြက်သွန် စတင်စိုက်ပျိုးချိန်ကနေ သုံးလတွင် ကြက်သွန်နုတ်သိမ်းရကြောင်း သိရသည်။
လက်ရှိ   ကြက်သွန်နီ  စိုက်ပျိုးစရိတ်နှင့် အထွက်နှုန်း အခြေအနေအား ရေနံချောင်းမြို့နယ် ရွာသစ်ကြီးကျေးရွာနေ ဦးသန်းက ]] ကြက်သွန်ပျိုး ဈေးက ကြက်သွန်ပျိုး  တစ်ပြည်လျှင် ငွေကျပ် ၅၀ဝ၀ဝ၊ ကျပ် ၃၀ဝ၀ဝ၊ ၂၅၀ဝ၀ ဝယ်ယူ ပျိုးထောင် ရတယ်။ မြေသြဇာ၊ ဓာတ်မြေသြဇာ၊ ထွန်ယက်ခ၊ စိုက်ခ၊ နုတ်ခ အပါအဝင် ငွေကျပ် ၁၀ သိန်း ကနေ ကျပ် ၂၀ သိန်းအတွင်း ကုန်ပါတယ်။  ဒါက တစ် ဧကနီးပါးရှိတဲ့ ကြက်သွန်စိုက်စရိတ် ကုန်ကျတာ ပါ။ အထွက်အနေနဲ့ ကြက်သွန်ဥ  ပိဿာ ၂၅၀ဝ ကနေပိဿာ ၃၀ဝ၀ အထိ တောင်သူရဲ့ စိုက်ပျိုးမှု ပေါ်မူတည်ပြီး အထွက်က ပိဿာ ၂၅၀ဝ ကနေ ၃၀ဝ၀ အထိ ထွက်နိုင်တယ်}} ဟု ပြောသည်။
ယခင်နှစ်က စိုက်သွန်နီ အဟောင်း တစ် ပိဿာ ငွေ ကျပ် ၃၀ဝ၀ ရောင်းရပြီး ချောင်းတွင်း စိုက်သည့် ကြက်သွန်နီသည်  နှစ်စဉ် ဧပြီလဆန်း၌ အသစ်ပေါ်လေ့ရှိကာ   တစ်နှစ်လုံး သိုလှောင် ရောင်းချနိုင်သောကြောင့် ပွဲစား၊ ကုန်သည်၊လှောင် လက်များအပြင် စားသုံးသူများ ကြိုက်နှစ်သက် ကြောင်း၊ ထို့ကြောင့် ယခုစိုက်သော ကြက်သွန်နီမှာ ဈေးကောင်းရရန် မျှော်လင့်နေကြောင်း သိရသည်။
လက်ရှိ ကိုင်းမြေများတွင် စိုက်သော ဥစိုက် ကြက်သွန်နီသည်  အသစ်ပေါ်နေကာ တစ်ပိဿာ ကျပ် ၂၀ဝ၀၊ ကျပ် ၁၅၀ဝ၊ ရောင်းရကြောင်း ရေနံချောင်းမြို့နယ်    ကြက်သွန်နီဈေးကွက်မှ သိရသည်။ ရေနံချောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၌ ကြက်သွန်နီ စိုက်ဧက ၃၀၇၉ ကို လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့ နယ် စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။
ဆန်းညွန့် (ရေနံချောင်း)