Main menu

Background

စစ်တွေမြို့ မြို့မဈေး၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းအခြေအနေ

Mon, 02/13/2023 - 11:53 -- journal_editor

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေး၌ ဆန်ဈေးအနည်းငယ် မြင့်တက်လာပြီး ကြက်သွန်နီ/ကြက်သွန်ဖြူ ဈေးများ အနည်းငယ်ကျဆင်းလာကြောင်း ဈေးဆိုင်များအား ကွင်းဆင်းမေးမြန်းမှုအရ သိရသည်။
ဖေဖော်ဝါရီလ ပထမပတ်တွင် ပေါ်ဆန်း(အသစ်) ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၄၀ဝ၀ မှ ၆၅၀ဝ၀၊ ဧည့်မထ ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၂၀ဝ၀ မှ ၅၃၀ဝ၀၊ ငစိန် ၂၄ ပြည်ပါ တစ်အိတ် လျှင်ကျပ် ၅၀ဝ၀ဝ မှ ၅၁၀ဝ၀၊ ကြက်သွန်နီ ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ်၂၀ဝ၀ဝ မှ ၂၁၀ဝ၀၊ ကြက်သွန်ဖြူ (ရှမ်း) ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ မှ ၇၆၀ဝ၀ လက်ကားဈေးတို့ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း ဆိုင်ခန်းဈေးသည်များနှင့် ပွဲရုံဈေးသည် တစ်ဦးထံမှ သိရသည်။ 
ဖေဖော်ဝါရီလ  ဒုတိယပတ်တွင်   ပေါ်ဆန်း (အသစ်) ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၇၀ဝ၀ မှ ၆၈၀ဝ၀၊ ဧည့်မထ ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၄၀ဝ၀ မှ ၅၅၀ဝ၀၊ ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၁၀ဝ၀ မှ ၅၂၀ဝ၀၊   ကြက်သွန်နီ ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ် ၁၇၀ဝ၀ မှ ၁၈၀ဝ၀၊ ကြက်သွန်ဖြူ (ရှမ်း) ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ် ၇၁၀ဝ၀ မှ ၇၂၀ဝ၀ လက်ကားဈေးတို့ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိသည်။ ဖေဖော်ဝါရီလ ပထမပတ်ထက် ဆန်ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ခြင်းမှာ ပေါ်ဆန်း ဆန်များကို ပြည်မသို့ အနည်းငယ် အရောင်းအဝယ်ဖြစ်ခဲ့သောကြောင့် ဖြစ်ပြီး ကြက်သွန်ဖြူ/နီ ဈေးနှုန်းမှာ ဖေဖော်ဝါရီလ ပထမပတ်ထက် အနည်းငယ်ဈေးနှုန်း ကျဆင်းကာ အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိကြောင်း ဈေးဆိုင်များထံမှ သိရသည်။
စားသုံးသူရေးရာဦးစီးဌာန
သတင်း/နည်းဌာနခွဲ