Main menu

Background

ကြက်သွန်နီ တင်ပို့မှုနည်းသဖြင့် ဈေးအနည်းငယ်ကျ

Mon, 02/13/2023 - 12:47 -- journal_editor

မိတ္ထီလာခရိုင်အတွင်း ဆောင်းကြက်သွန်နီအသစ်များ ရိတ်သိမ်းမှုမရှိသေးသော်လည်း မိုးကြက်သွန်နီများ နယ်ဝေး တင်ပို့မှုနည်းသဖြင့် ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။  
မိုးကြက်သွန်နီကို ဒီဇင်ဘာနှင့်ဇန်နဝါရီလများတွင် စတင်ရိတ်သိမ်းခဲ့ပြီး ဆောင်းကြက်သွန်နီမှာ ဧပြီလတွင် ရိတ်သိမ်းမည်ဖြစ်သည်။ မိတ္ထီလာဈေးကွက်မှာ ရန်ကုန်၊ ပဲခူးသို့ အများဆုံးတင်ပို့ရာ  ဇန်နဝါရီလ  နောက်ဆုံးပတ်အတွင်း ပဲခူးသို့ တစ်ရက်လျှင် ခြောက်ဘီးကား  ကုန်ချိန် ၆၀ဝ၀ ဆံ့ ကားတစ်စီး တင်ပို့နိုင်သော်လည်း ရန်ကုန်သို့ တစ်ရက်လျှင် ၁၂ ဘီးကားတစ်စီးဖြင့်  ကုန်ချိန် ၃၀ဝ၀ ပိဿာကို အခြားကုန်များနှင့် ရောနှောတင်ပို့နိုင်ခဲ့သည်။ 
ဈေးနှုန်းအနေဖြင့် နယ်ဝယ်တင်ပို့မှုနည်းသဖြင့် ယခင်တစ်ပတ်က လက်ကားဈေး ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ ရှိခဲ့ပြီး ယခုတစ်ပတ် လက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ သို့ ဈေးနှုန်းကျဆင်းလာကြောင်း ဈေးကွက်မှသိရသည်။                                                

စန်းအောင် (မိတ္ထီလာ)